• ဂျူဗင်တပ်အသင်းကို ပြောင်းသွားရတဲ့ အကြောင်းရင်းကို ရော်နယ်ဒို ထုတ်ဖော်ပြောပြီ

ယူရို သန်း ၁၀၀ နဲ့ ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ရီးရဲအသင်းနဲ့အတူ အောင်မြင်မှုတွေ တစ်လှေကြီး သိမ်းပိုက်နိုင်ချိန် အီတလီကလပ် ဂျူဗင်တပ်အသင်းကို ရုတ်တရက် ပြောင်းသွား ခဲ့တဲ့ ရော်နယ် ဒို့ရဲ့ အဆုံးအဖြတ်အပေါ်မှာတော့ အားလုံး အံ့အားသင့်နေကြပါတယ်။

image

Photo - Getty Images

 

ယခုနှစ်ဘောလုံးရာသီအစမှာ ရီးရဲအသင်းကနေ အီတလီကလပ် ဂျူဗင်တပ်အသင်းကို ယူရို သန်း ၁၀၀နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ရော်နယ်ဒိုက ဘာကြောင့် ပြောင်းရွှေ့ဖြစ်တာလဲဆိုတာကိုတော့ ဒီကနေ့မှာ ထုတ်ဖော်ပြောခဲ့ပါပြီ။

ရော်နယ်ဒို အကျိုးဆက်ကို ဆန့်ကျင်ဖက် ခံစားခဲ့ကြရတဲ့ ဂျူဗင်တပ်စ် နဲ့ ရီးရဲလ် 

ရီးရဲအသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ် ဆုဖလားကို စံချိန်တင် ၃ နှစ်ဆက် ရယူနိုင်ခဲ့တဲ့နောက်မှာတော့ အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒို တစ်ယောက် အတွေ့အကြုံသစ်တွေအတွက် အီတလီမြေကို ခြေဆန့်ခဲ့ရာမှာတော့ အားလုံး အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

Photo - Instagram

 

တစ်ကမ္ဘာလုံးရဲ့ စောင့်ကြည့်ခြင်းခံနေရတဲ့ ရော်နယ်ဒိုအတွက်တော့ အီတလီမြေမှာ ရီးရဲမက်ဒရစ်အသင်းမှာလိုမျိုး ခြေစွမ်းနဲ့ ဂိုးတွေ ဆက်လက် သွင်းယူနိုင်ဦးမလား စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အခုတော့ သူဘာကြောင့် ရီးရဲအသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းဖြစ်ခဲ့တာလဲဆိုတာကို ရော်နယ်ဒိုက ထုတ်ဖော်ပြောလာခဲ့ပါပြီ။ " ကျွန် တော် ရီးရဲနဲ့ ဖလားအားလုံးနီးပါးရရှိခဲ့ပြီးပါပြီ။ အခုဆက်လက်ပြီး ဂျူဗင်တပ်အသင်းနဲ့လည်း ချန်ပီယံလိဂ် ဆုဖလားရယူချင်ပါသေးတယ်။ဒီနှစ် ရရင်တော့ကောင်းတာပေါ့၊ဒါမှမဟုတ်လည်း နောက်နှစ်ပေါ့၊သေချာတာကတော့ ကျွန်တော် ဂျူဗင်တပ်မှာ ကစားနေတုန်း ချန်ပီယံလိဂ်ဆုဖလား ကို ထပ်မံဆွတ်ခူးနိုင်အောင်စွမ်းဆောင်ချင်ပါတယ်။" လို့ ရော်နယ်ဒိုက ထုတ်ဖော်ပြောလာခဲ့ပါတယ်။

Photo - Getty Images

 

ဒီစကားကိုတော့ အီတလီ အကျီ ၤ အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ DAZN ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခံရပြီးနောက် ထုတ် ဖော်ပြောလာတာလည်း ဖြစ်ပါတယ်။

"ကျွန်တော်တို့ အားလုံးဒီအတွက် အာရုံစိုက်ထားကြပါတယ်။ဒီအတွက် တစ်ဆင့်ချင်းစီ ကြိုးစားဖို့တော့လိုပါတယ်။ပထမဆုံးအဆင့်အနေနဲ့ လိဂ် ဖလားကို ဆက်လက်ဆွတ်ခူးနိုင်ဖို့ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အကောင်းဆုံး ကြိုးစားသွားမှာပါ။" လို့ ဆက်လက်ပြောခဲ့ပါတယ်။

 

ရော်နယ်ဒိုအနေနဲ့ ဒီကနေ့မှာတော့ မိသားစုလိုက် ဂျူဗင်တပ် အသင်းဂျာစီဝတ်ပြီး တူရင်မိသားစု အဖြစ် ခံယူလိုက်တဲ့ပုံကို လူမှုကွန်ရက်မှာတင်ခဲ့တာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ မန်ယူ၊ရီးရဲအသင်းတို့နဲ့အတူ ချန်ပီယံလိဂ် ဆုဖလား ၅ ဆု ဆွတ်ခူးထားနိုင်သလို၊အခု ဂျူဗင်တပ်အသင်းနဲ့လည်း ချန်ပီယံ လိဂ် ဆုဖလား ရယူနိုင်ခဲ့မယ်ဆိုရင်တော့ တစ်ချိန်က နာမည်ကျော်ကစားသမား ဆီးဒေါ့ဖ်နဲ့အတူ ချန်ပီယံလိဂ် ဆုလားကို ကလပ်အသင်း ၃ သင်းနဲ့ ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။

Photo - www.clarenceseedorf.info

 

ဒါတင်မကသေးပဲ တစ်ချိန်က ရီးရဲအသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလား ၆ ကြိမ်ရယူထားနိုင်တဲ့ ပါကိုဂန်တိုနဲ့ စံချိန်တူညီပြီး ဥရောပမှာ အအောင်မြင်ဆုံး ကစားသမားဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က