• ဂိမ်းကစားရင်း ကလေးတွေနဲ့ ခင်ခွင့်ရခဲ့တယ်ဆိုတဲ့ စိုးမြတ်သူဇာ

မိုးလင်းမိုးချုပ် ဒီဂိမ်းပဲ ဆော့ဖြစ်နေတာ။

စိုးမြတ်သူဇာကတော့ အနုပညာအလုပ်တွေ နားတဲ့ အချိန်မှာ Mobile legends Game ဆော့ဖြစ်တဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ 

image

သရုပ်ဆောင် စိုးမြတ်သူဇာကတော့ Covid ကာလကြောင့် အနုပညာအလုပ်တွေရော စီးပွားရေး အလုပ်ကိုပါ ရပ်နားထားတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အိမ်မှာနေတဲ့ အချိန်တွေမှာ Mobile Game ကစားရင်း တစ်နေ့တာ ဖြတ်သန်းဖြစ်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ 

“ Mobile legends ကစားလိုက်တာ မကြီးမှာ သူငယ်ချင်းတွေ အများကြီးရသွားတယ်။ ကလေးတွေ အများကြီးနဲ့ မကြီး သိခွင့်ရတယ်။ သူတို့ အမေတွေနဲ့မှ ကိုယ်က ရွယ်တူ။ ကလေးတွေက ကစားပြီဆိုရင် အန်တီနဲ့ သားအမေက ရွယ်တူပဲ။ အန်တီ့ကို သားအမေက သိတယ် ဆိုပြီးတော့ လာမိတ်ဆက်ကြတာ။ သားအမေ နဲ့တော့ မသိပေမယ့် သားနဲ့တော့ ဂိမ်းကစားဖြစ်တယ်လို့ ပြောလိုက်နော်ပေါ့။ ကလေးတွေက ချစ်စရာကောင်းတယ်။ အပြစ်လည်းကင်းတယ်၊ သူတို့က ဂိမ်းက လွဲလို့ ဘာမှ သိကြတာ မဟုတ်ဘူး” လို့ သူကဆိုပါတယ်။ 

Photo: Soe Myat Thu Zar

စိုးမြတ်သူဇာအနေနဲ့ Mobile legends ဂိမ်း ကစားရတာကို အရမ်းသဘောကျတဲ့ အကြောင်းပြောပြလာပါတယ်။ ဒါဟာ သူမအတွက် စိတ်ချမ်းသာမှု တစ်ခုပဲ ဆိုတာကို ဝိန့်စိန် ရွှေဆိုင် ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

“ ဂိမ်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက်က ရုပ်မမြင်ရပါဘူး အသံပဲ ကြားနေရတာ။ ဂိမ်းဆော့နေရင် မကြီးရဲ့ ဦးနှောက်တွေကလုံးဝ မရပ်သွားဘူးပဲ။ ဖုန်းတွေလာလည်း မကြီး မကိုင်ဖြစ်ဘူး။ ဂိမ်းထဲမှာပဲ ကိုယ်က သာယာနေတာ။ ဒါကလည်း Covid ကာလဖြစ်နေတာကြောင့်လည်း ပါမယ်။ အခုချိန်မှာတော့ မိုးလင်းမိုးချုပ် ဂိမ်းပဲဆော့နေတာ။ ဂိမ်းကစားရတာ မကြီး စိတ်ချမ်းသာတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Soe Myat Thu Zar

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က