• Featured

    ဂွမြို့နယ်အတွင်းက နှစ်တစ်ထောင်ကျော်သက်တမ်းရှိ ရှေးဟောင်းစေတီဌာပနာ ဖောက်ထွင်းခံရ

ရခိုင်ဘုရင်လက်ထက် သက္ကရာဇ် ၆၄၆ သာသနာနှစ် ၁၂၂၈ က တည်ခဲ့တဲ့ ရှေးဟောင်းစေတီဖြစ်တယ် လို့ ချင်းကုန်းကျေးရွာ ဆရာတော် ဦးသုမန ကပြောပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ရွှေတွင်းတူးကျေးရွာအုပ်စု ချင်းကုန်းကျေးရွာ က ရှေးဟောင်းစေတီတော်တစ်ဆူ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖောက်ထွင်းခံခဲ့ရတယ် လို့ သိရပါတယ်။

"ရှေးဟောင်းစေတီတော်ပါ။ ရွာကဆရာတော်က တစ်ခါပြန်မွမ်းမံပြီး တည်ထားသေးတယ်။ အခုဖောက်ခံရတာ ဘာတွေပါသွားသေးလဲတော့မသိဘူး။ တရားခံလည်း မမိသေးဘူး " လို့ ချင်းကုန်းကျေးရွာ ဒေသခံ ရွာသား ကိုဇေယျာလင်း ကပြောပါတယ်။

image

ဓာတ်ပုံ - ကိုဇေယျာလင်း

 ချင်းကုန်းကျေးရွာ တောင်ပေါ်မှာ တည်ထားကိုးကွယ်ထားတဲ့ လာဘသုခစေတီတော် ဌာပနာ တွေ ဖောက်ထွင်းထားတဲ့ အပေါက်တစ်ပေါက် ကို ရွာသားတွေက ဒီဇင်ဘာ ၁၀ ရက်နေ့က တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

စေတီတော်က ရွာနဲ့ မိုင်ဝက်လောက်ကွာဝေးပြီးတော့ ဂွ-သံတွဲကားလမ်းပေါ်မှာရှိတာကြောင့် ဖောက်ခံရတာကို မသိရှိခဲ့တာလည်း ဖြစ်တယ်လို့ လာဘသုခစေတီတော် ဂေါပက အဖွဲ့ဝင် ဦးလှမြင့် ကပြောပါတယ်။

"အဖောက်ခံရတဲ့စေတီတော် ဌာပနထဲကနေ ပဉ္စဝဂ္ဂီ ၅ပါး၊ ဘုရားဆင်းတုတော်တွေကိုပြန်တွေ့တယ် စေတီတော်ပတ်ဝန်းကျင်နားမှာပဲ ကျန်တာတွေတော့ မသိဘူး။ " လို့ ဦးလှမြင့် ကပြောပါတယ်။

ဓာတ်ပုံ - ကိုဇေယျာလင်း

လာဘသုခစေတီတော် ကတော့ ချင်းကုန်းကျေးရွာ မှာ ရှေးဟောင်းစေတီတော်ဖြစ်ပြီး ရခိုင်ဘုရင်လက်ထက် သက္ကရာဇ် ၆၄၆ သာသနာနှစ် ၁၂၂၈ က တည်ခဲ့တဲ့ ရှေးဟောင်းစေတီဖြစ်တယ် လို့ ချင်းကုန်းကျေးရွာ ဆရာတော် ဦးသုမန ကပြောပါတယ်။

အဲဒီစေတီတော်ကို ၂၀၁၉ ခုနှစ် မှာ ပြန်လည်မွမ်းမံပြီး တည်ထားခဲ့တာလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က