• ဂျာမနီထရိန်နင်ကွင်းက ရန်ပွဲ ဘယ်သူ့အမှားလဲဆိုတာကို တိုနီကရူးစ်နောက်ပြောင်နေပြန်

ရူဒီဂါနဲ့ ဖူလ်ရက်ဂ်တို့ ထိပ်တိုက်တွေ့ခဲ့တာပါ။

ဂျာမနီလက်ရွေးစင် ကွင်းလယ်လူ တိုနီကရူးစ်က လက်ရွေးစင်လေ့ကျင့်ခန်း အစီအစဉ်မှာ အသင်းဖော်တွေဖြစ်တဲ့ နောက်ခံလူ ရူဒီဂါနဲ့ တိုက်စစ်မှူး ဖူလ်ရက်ဂ်တို့ ပြဿနာဖြစ်ခဲ့တဲ့အပေါ် နောက်ပြောင်ပြောဆိုလာပါတယ်။ သူတို့နှစ်ယောက်ဟာ လေ့ကျင့်ရေးကွင်းမှာ ကစားပုံကြမ်းတာကတစ်ဆင့် ပြဿနာတက်ခဲ့တာပါ။

image

ရူဒီဂါက ဖူလ်ရ်က်ဂ်ကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ပြီး ဖူလ်ရက်ဂ်က လဲကျသွားခဲ့ပါတယ်။ ဒီလိုမျိုး လဲကျနေချိန်မှာ ဖူလ်ရက်ဂ်က ရူဒီဂါကို ဆဲရေးတိုင်းထွာခဲ့ပါတယ်။ ဒါ့အပြင် ရူဒီဂါနဲ့လည်း ထပ်မံ ထိပ်တိုက်တွေ့ဖို့ ကြိုးစားခဲ့ပါတယ်။

image

သူတို့နှစ်ယောက်က အချင်းချင်း တွန်းထိုးတဲ့အထိ ဖြစ်ခဲ့တာကြောင့် အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေက ဝိုင်းဝန်းဖျန်ဖြေခဲ့ရတာပါ။ အဲ့ဒီနောက်မှာ ရူဒီဂါက လေ့ကျင့်ခန်းပြီးအောင်မဆင်းဘဲ အဝတ်လဲခန်းထဲ ဝင်သွားခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ နှစ်ယောက်သား ဆက်ဆံရေး ပြေလည်သွားခဲ့ပြီး ပြုံးပြုံးရွှင်ရွှင်ပဲ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တိုနီကရူးစ်က “ဒီလိုအခြေအနေမျိုးတွေ ဖြစ်တဲ့အခါမှာ ကျနော်ကတော့ ကောင်းတဲ့ဘက်ကပဲ မြင်ပါတယ်။ ဒါက အရမ်းကြီး ကြီးမားတဲ့ကိစ္စ မဟုတ်ပါဘူး”

“ဖူလ်ရက်ဂ်တစ်ယောက်တည်းကပဲ လေ့ကျင့်ရေးကွင်းက ဒိုင်ကို စိတ်ဆိုးနေတာပါ။ ရူဒီဂါနဲ့ ဘောလုံးသွားယှဉ်လုတာကိုက သူ့ရဲ့ အမှားဆိုတာကို သူသိပါတယ်” လို့ ဖူလ်ရက်ဂ်ကိုပါ နောက်ပြောင်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က