• ဂရင်းဝုဒ်ကြောင့် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်အမျိုးသမီးအသင်း

ဂရင်းဝုဒ်ရဲ့ကိစ္စက နှောင့်နှေးကြန့်ကြာနေခဲ့တာပါ။

ဂရင်းဝုဒ်ကို ယူနိုက်တက် လူစာရင်းမှာ ပြန်လည်ထည့်သွင်း၊ မသွင်းဆိုတဲ့ ဆုံးဖြတ်ချက် ကြန့်ကြာနေခဲ့တဲ့ အတောအတွင်း ယူနိုက်တက်အမျိုးသမီးအသင်းထံ ခြိမ်းခြောက်စာတွေ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါတယ်။ ဂရင်းဝုဒ်ဟာ အတူနေချစ်သူကို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တာကြောင့် တရားရင်ဆိုင်ခဲ့ရတာပါ။

image

ဒီလိုမျိုး တရားရင်ဆိုင်ခဲ့ရတဲ့အတောအတွင်း ဂရင်းဝုဒ်ကို ယူနိုက်တက်လူစာရင်းကနေ ဖယ်ရှားထားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဂရင်းဝုဒ်တစ်ယောက် အနည်းဆုံးသုံးမှုပါဝင်တဲ့ တရားစွဲဆိုမှုကနေ တရားသေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

image

ဂရင်းဝုဒ်နဲ့ အခုလိုပြဿနာတက်ခဲ့တဲ့ အတူနေချစ်သူကလည်း ဂရင်းဝုဒ်နဲ့ရရှိတဲ့ ရင်သွေးလေးကို လွယ်ထားရပြီး ယူနိုက်တက်ပရိသတ်အချို့ကလည်း ဂရင်းဝုဒ်ကို အသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အမျိုးသမီးအသင်းဘက်က ဆန္ဒအပါအဝင် အခြားသော ကဏ္ဍအသီးသီးက အခြေအနေတွေကြောင့် ဒီကိစ္စက နှောင့်နှေးနေခဲ့ပါတယ်။

ယူနိုက်တက်အမျိုးသမီးအသင်းက ကစားသမားအချို့ဟာ ဂရင်းဝုဒ်ရဲ့လုပ်ရပ်အတွက် မကျေမနပ်ဖြစ်နေပြီး သူ့ကို အသင်းထံ ပြန်လာဖို့ ဆန္ဒမရှိဘူးလို့ သတင်းထွက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ယူနိုက်တက်အမျိုးသမီးအသင်းထံ ရည်ရွယ်ပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

ယူနိုက်တက်အမျိုးသမီးအသင်းက ကစားသမားအချို့ဟာ လက်ရှိမှာ အင်္ဂလန်နဲ့အတူ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲနေတာကြောင့်လည်း ဂရင်းဝုဒ်ရဲ့ကိစ္စကို ဆုံးဖြတ်ဖို့ နှောင့်နှေးနေခဲ့တာပါ။ ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ အကြီးအကဲ ရစ်ချက်အာနိုးလ်ကတော့ ဂရင်းဝုဒ်ကို အသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းဖို့ အကြီးတန်းတာဝန်ရှိသူတွေထံ အသိပေးထားပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က