ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Photo : Goal.com
- ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပီယာနစ်ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ Mediaset Premium က ဖော်ပြခဲ့ပါတယ်။ ရိုးမား နဲ့ လိုင်ယွန်ကစားသမားဟောင်းဟာ ဂျူဗင်တပ်စ်နဲ့ ၂၀၂၁ အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပြီး စာချုပ်သစ်အရ တစ်နှစ်လုပ်ခ ယူရို (၇)သန်းအထိ တိုးမြှင့်ရရှိဖွယ်ရှိတယ်လို့ သိရပါတယ်။ ပီယာနစ်ကို ဘာစီလိုနာ၊ ပီအက်စ်ဂျီ နဲ့ ရီးရဲလ်တို့က စိတ်ဝင်စားနေကြပါတယ်။
Photo : AS
- ဥရောပစူပါဖလားပွဲမှာ အက်သလက်တီကိုအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ရီးရဲလ်အနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ရီးရဲလ်နည်းပြ လော့ပ်တယ်ဂီက ပြောဆိုခဲ့ပါတယ်။ ဒီယေဂိုကော်စတာ ခြေစွမ်းပြမှုတွေနဲ့အတူ အက်လလက်တီကိုအသင်းက ရီးရဲလ်ကို အချိန်ပိုမှာ အနိုင်ယူပြီး ဥရောပစူပါဖလားကို ဆွတ်ခူးရရှိသွားခဲ့တာ ဖြစ်ပါတယ်။
Photo : FC Inter
- ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ဗိုလ်ချုပ်လို့ တင်စားခေါ်ဝေါ်ခြင်း ခံနေရတဲ့ လူကာမိုဒရစ်ဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေဆဲဖြစ်တယ်လို့ Sky Sports Italia က ဖော်ပြခဲ့ပါတယ်။ ခရိုအေးရှားကွင်းလယ်ကစားသမားကို အင်တာမီလန်က ကာလရှည်စိတ်ဝင်စားနေပေမယ့် ရီးရဲလ်က ကစားသမားအတွက် ယူရိုသန်း ၇၅၀ ပေးချေမှသာ ရရှိမယ်လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။
Photo : Goal.com
- ဘိုင်ယန်မြူးနစ်အသင်းဟာ တော့တင်ဟမ်နောက်ခံလူ အယ်ဒါဝီရယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသင်းက ထွက်ခွာဖွယ်ရှိနေတဲ့ နောက်ခံလူ ဂျရုန်းဘိုတန်ရဲ့ နေရာကို အစားထိုးဖို့အတွက် အယ်ဒါဝီရယ်ကို ဘိုင်ယန်မြူးနစ်က မျက်စိကျလာတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်း မဖန်တီးပြနိုင်ခဲ့တဲ့ အပြောင်းအရွှေ့ကို ဘိုင်ယန်က လုပ်ဆောင်နိုင်မလားဆိုတာ စိတ်ဝင်စးဖွယ် ကောင်းလာခဲ့ပါတယ်။
Photo : Bongo5
- မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်နေဆဲဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဒီရာသီပွဲဦးထွက်ပွဲစဥၤမှာ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပြီး အသင်းအတွက် အစွမ်းကုန်ပေးဆပ်နေတယ်လို့ ပြောကြားခဲ့ပေမယ့် နူးကမ့်ကို ပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေဆဲလို့ သိရပါတယ်။