• ခေါင်းကြီးတို့ခေတ်ရောက်မှပဲ ဖာဂူဆန်ပါ အလှောင်ပြောင်ခံဘဝကို ရောက်ခဲ့ရ

မန်စီးတီးနဲ့ပွဲမှာ ဖာဂူဆန် လှောင်ပြောင်ခံခဲ့ရတာပါ။

ယူနိုက်တက်ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်ဟာ တနင်္ဂနွေညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီ အဝေးကွင်းပွဲစဥ်ကို လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့ အတူ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

image

ဒီပွဲကိုလာကြည့်ခဲ့တဲ့ ဖာဂူဆန်လည်း မန်စီးတီးပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပြီး စိတ်ပျက်စရာ အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်လို့ဆိုရမှာပါ။ ဒီပွဲမှာ မန်စီးတီးက ဒီဘရိုင်း၊ မာရက်ဇ်တို့က နှစ်ဂိုးစီသွင်းယူနိုင်ခဲ့ပြီး ဆန်ချိုက ယူနိုက်တက်အတွက် ချေပဂိုးတဂိုး သွင်းယူပေးခဲ့ပါတယ်။

image

ဖာဂူဆန်ဟာ သူ ယူနိုက်တက်ကို ကိုင်တွယ်နေတဲ့ (၂၀၀၉) ကာလက သတင်းစာရှင်းလင်းပွဲတခုမှာ မန်စီးတီးနဲ့ ပတ်သက်လို့ “မန်ချက်စတာဒါဘီမှာ ယူနိုက်တက်က အောက်အသင်းဖြစ်သွားဖို့လား? အဲ့ဒီလိုဖြစ်လာခဲ့ရင် ကျနော် ထွက်သွားရမယ့်အချိန်ဖြစ်မယ်ထင်ပါတယ်။ ကျနော့်တသက်တော့ မဖြစ်နိုင်ပါဘူး။ (Not in my lifetime)” လို့ ပြောကြားသွားခဲ့ပါတယ်။

တနင်္ဂနွေည ပွဲစဥ်မှာ မန်စီးတီးပရိသတ်တွေက ဖာဂူဆန်ပြောဆိုခဲ့ဖူးတဲ့ “Not in my lifetime” ဆိုတဲ့ စာတန်းကြီးကို ကွင်းအတွင်း ချိတ်ဆွဲကာ လှောင်ပြောင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲအပြီး ဖာဂူဆန်တယောက် အီတိဟတ်ကွင်းထဲက အထွက်မှာလည်း မန်စီးတီးပရိသတ်တယောက်က “Never in my lifetime! City, City, City,” လို့ ဖာဂူဆန်မျက်နှာကို တည့်တည့်ကြည့်ပြီး လိုက်လံအော်ဟစ်ခဲ့တာဖြစ်ပါတယ်။

ဖာဂူဆန်ဟာ အသက် (၈၀) အရွယ်ရှိပြီဖြစ်ပြီး လက်ရှိအချိန်ထိ ယူနိုက်တက်ပွဲစဥ်တွေကို လိုက်လံကြည့်ရှုနေဆဲလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၃) မှာ ဖာဂူဆန်က ယူနိုက်တက်နည်းပြဘဝကရော၊ ဘောလုံးလောက,ကပါ အနားယူသွားခဲ့ပြီး အဲ့ဒီနောက်ပိုင်း ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလားကို တကြိမ်တခါမှ မဆွတ်ခူးနိုင်တော့ပါဘူး။ 

Share

Loading Next Article...
က္က