• လီဗာပူးပရိသတ်တွေကိုပါ မျက်ရည်ဝဲအောင်လုပ်သွားတဲ့ ယူနိုက်တက်ရဲ့ခြေစွမ်းနဲ့ရလဒ်

မန်ချက်စတာဒါဘီမှာ မန်စီးတီးတို့ ဂိုးပြတ်နိုင်ခဲ့တာပါ။

ဒီပွဲမှာ အိမ်ရှင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဖိုဒန်ကို False 9 နေရာထားကစားခဲ့ပြီး မက်ဂွိုင်းရားနဲ့လင်ဒီလော့ဖ်ကြားက အားနည်းချက်တွေကို ပိုပြီးကြီးမားလာအောင်လုပ်ခဲ့ပါတယ်။ သူ့နောက်မှာ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား၊ ဂရီလစ်ရှ်၊ မာရက်ဇ်၊ ရိုဒရီတို့ ပါဝင်ခဲ့ပြီး ဒီယက်ဇ်မပါဝင်နိုင်တဲ့နောက်တန်းမှာ လာပေါ့တ်၊ စတုန်းစ်၊ ဝေါ်လ်ကာ၊ ကန်ဆယ်လိုတို့ ပွဲထုတ်ခဲ့ပါတယ်။

image

ယူနိုက်တက်က ဒီပွဲမှာ ရော်နယ်ဒို ကစားသမားစာရင်းထဲတောင် မပါဝင်ခဲ့ဘဲ နောက်တန်းမှာ ဝမ်ဘစ်ဆာကာ၊ မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်၊ အဲလက်စ်တဲလက်စ်၊ တွမ်မီနေး၊ ဖရက်ဒ်၊ ပေါ့ဘာ၊ တိုက်စစ်အတွက် ဆန်ချို၊ အီလန်ဂါ၊ ဘရူနိုဖာနန်ဒက်စ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။

image

မန်စီးတီးရဲ့ ခြေစွမ်း၊ ကစားပုံ၊ အခွင့်အရေးဖန်တီးနိုင်စွမ်းက ယူနိုက်တက်ထက် တော်တော်လေး သာလွန်ခဲ့ပြီး ယူနိုက်တက်တို့ ခံစစ်သပ်သပ်ပဲ ကစားခဲ့ရပါတယ်။ မန်စီးတီးအတွက် အဖွင့်ဂိုးကိုတော့ ဒီဘရိုင်းက ဘာနာဒိုဆေးလ်ဗားရဲ့ ဖန်တီပေးမှုကတဆင့် ချိန်သားကိုက် အဆုံးသတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း မန်စီးတီးကပြ တိုက်စစ်ဆင်ခဲ့ပြီး ဂိုးသမား ဒီဂီယာနဲ့ နောက်တန်းက ခက်ခက်ခဲခဲ ခုခံခဲ့ရပါတယ်။ ပွဲကစားချိန် (၂၁) မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးရရှိခဲ့ပြီး ပေါ့ဘာရဲ့ အကွက်မြင်မြင် ဖန်တီးမှုကတဆင့် ဆန်ချိုက အစွန်ကနေ ချိုးဝင်ပြီး လှလှပပသွင်းယူခဲ့ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ မန်စီးတီးတို့ ဦးဆောင်ဂိုးပြန်ရခဲ့ပါတယ်။ ဖိုဒန်၊ ဂရီလစ်ရှ်တို့ရဲ့ အဆင့်ဆင့် ပိတ်သွင်းမှုတွေကတဆင့် ဒီဘရိုင်းက လွတ်လွတ်ကျွတ်ကျွတ် အဆုံးသတ်သွားခဲ့ပါတယ်။ ယူနိုက်တက်က ဒီပွဲမှာ ခံစစ်ကိုပဲ အဓိကပြင်ဆင်လာပြီး ဘရူနိုဖာနန်ဒက်စ်က တိုက်စစ်မြားဦး၊ အီလန်ဂါက ညာတောင်ပံ၊ ဆန်ချိုက ဘယ်တောင်ပံတို့မှာ နေရာယူကစားခဲ့ပါတယ်။

ပေါ့ဘာတယောက်တည်းနဲ့ မန်စီးတီးကွင်းလယ်ကိုယှဥ်ကစားဖို့ ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာလည်း မန်စီးတီးကပဲ ပွဲကို ဆက်လက် စိုးမိုးခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့နိုင်သလောက်လေး တိုက်စစ်ပြန်ဆင်ဖို့ ကြိုးစားပေမယ့်လည်း အရာမထင်ခဲ့ပါဘူး။

အီလန်ဂါ၊ ပေါ့ဘာတို့နေရာကို လင်ဂတ်၊ ရပ်ရှ်ဖို့ဒ်တို့ဝင်လာခဲ့ပေမယ့် တကယ်တမ်းဂိုးထပ်ရတာက မန်စီးတီးပဲဖြစ်ခဲ့ပါတယ်။ ဒီဘရိုင်း ထောင့်ကန်ဘောက ‘မ’ ပေးလိုက်တဲ့ ဘောလုံးကို မာရက်ဇ်က လှလှပပနဲ့ အဆုံးသတ် ကန်သွင်းသွားခဲ့ပါတယ်။ ပွဲသိမ်းဂိုးကိုလည်း မာရက်ဇ်ပဲ ယူနိုက်တက်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အပိုင်ကန်သွင်းသွားခဲ့တာကြောင့် မန်စီးတီးတို့ အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားဖိအားကို အတိုင်းအတာတခုအထိ လျှော့ချနိုင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ အဆင့် (၅) ကို ရောက်သွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရမယ့် အနေအထားတရပ်ကို ရောက်ရှိသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က