• ယူနိုက်တက်ကင်းထောက်ချုပ် လာကြည့်တဲ့ပွဲမှပဲ မှုန်နေအောင် ဂိုးသွင်းခံလိုက်ရရှာတဲ့ ဂိုးသမား

ယူနိုက်တက်ကင်းထောက်တွေ လာကြည့်တဲ့ပွဲမှပဲ ရုပ်ပျက်ဆင်းပျက် ဂိုးသွင်းခံလိုက်ရတာပါ။

ယူနိုက်တက်ရဲ့ စီနီယာကင်းထောက်နှစ်ယောက်ဟာ အင်္ဂါညက ကစားခဲ့တဲ့ မန်စီးတီးနဲ့လိဒ်စ်ပွဲကို သွားရောက်ကြည့်ရှုကာ လိဒ်စ်ဂိုးသမား မက်စ်လီယာကို စောင့်ကြည့်ခဲ့တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် ယူနိုက်တက်ကို စွန့်ခွာလိုနေတာကြောင့် ကင်းထောက်တွေက ဂိုးသမားရှာပုံတော်ဖွင့်နေတာပါ။

image

လက်ရှိယူနိုက်တက်မှာ ဒီဂီယာက အဓိကဂိုးသမားဖြစ်နေပြီး ဒင်းဟန်ဒါဆန်ကတော့ ဒီအနေအထားအပေါ်မှာ မရောင့်ရဲနိုင်တာကြောင့် အခုလိုပဲ အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

image

ယူနိုက်တက်ကတော့ ဒီဂီယာရဲ့အရံနေရာအတွက် အခုလိုပဲ လိဒ်စ်ရဲ့ မက်စ်လီယာကို စိတ်ဝင်စားနေတာဖြစ်ပြီး ယူနိုက်တက်ရဲ့ ကင်းထောက်ချုပ် ဂျင်မ်လော်လာနဲ့ ဂိုးသမားကင်းထောက် တိုနီကိုတန်တို့ နှစ်ယောက်အတူ လာရောက်ကြည့်ရှုခဲ့တာပါ။

ဒါပေမယ့် အဲ့ဒီပွဲမှာ ကံဆိုးစွာနဲ့ပဲ မန်စီးတီးက လိဒ်စ်ကို (၇) ဂိုးအထိ သွင်းခဲ့ပြီး ဂိုးသမား မက်စ်လီယာတယောက် ဘာမှမတတ်နိုင်ခဲ့ဘဲ ဂိုးပေါက်ထဲက ဘောလုံးကိုသာ ခဏခဏ လိုက်ကောက်ခဲ့ရပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ မန်စီးတီးက (၃) ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ နောက်ထပ် (၄) ဂိုး သွင်းယူခဲ့တာပါ။

အဆိုပါဂိုးသမားလေးဟာ ကာကွယ်မှုအချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် ပေးခဲ့ရတဲ့ဂိုးအရေအတွက်က တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတာပါ။ ဂျွန်စတုန်းစ် သွင်းယူခဲ့တဲ့ ဂိုးမှာဆိုရင် မက်စ်လီယာက နှစ်ဆင့်ကာကွယ်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဂိုးပေးလိုက်ရတာမျိုးတွေဖြစ်ခဲ့ပါတယ်။

အသက် (၂၁) နှစ်အရွယ်သာရှိသေးတဲ့ ဒီဂိုးသမားလေးဟာ လိဒ်စ်ရဲ့ အဓိကဂိုးသမားအဖြစ် (၁) နှစ်ကျော်ကြာပွဲထွက်ခဲ့တဲ့ ဂိုးသမားဖြစ်ပါတယ်။ (၂၀၁၉) မှာ လော်ရီးယန့်ကနေ အငှားနဲ့ စတင်ရောက်ရှိလာခဲ့တဲ့ ဒီကစားသမားက ပြီးခဲ့တဲ့သြဂုတ်မှာတော့ လိဒ်စ်နဲ့ (၅) နှစ်သက်တမ်းရှိ စာချုပ်တရပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က