• ချန်ပီယံလိဂ်ဖိုင်နယ်မကန်ခင် တစ်နာရီလောက်တော့ အိပ်ရမယ်လို့ အန်ဆယ်လော့တီပြော

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဒေါ့မွန်နဲ့ ကစားမယ့်နေ့အတွက် အစီအစဉ်တွေအကြောင်း ပြောလာပါတယ်။ လာမယ့် စနေနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ကစားကြမှာပါ။

image

ရီးရဲလ်မက်ဒရစ်ကတော့ သူတို့အတွက် (၁၅) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ဒေါ့မွန်ကလည်း မထင်မှတ်ဘဲနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လာတဲ့ အသင်းတစ်သင်းဖြစ်ပြီး လျှော့တွက်လို့ မရတဲ့ အနေအထားပါ။

image

ဒီပွဲမတိုင်ခင် အစီအစဉ်နဲ့ ပတ်သက်လို့ အန်ဆယ်လော့တီက “ကျွန်တော်ကတော့ ပွဲကြိုအစားအသောက်အဖြစ် ပန်းပွင့်စိမ်း၊ ဆဲလ်မွန်နဲ့ ပါစတာတို့ကို စားမှာပါ။ ပြီးရင်တော့ ကျွန်တော် တစ်နာရီလောက် အိပ်ပါဦးမယ်။ အဲ့ဒီနောက်မှာ ကျွန်တော် နှလုံးခုန်နှုန်းတွေ မြန်လာမှာပါ။ ပွဲကြိုပြောစကားတွေ မပြောခင်ပေါ့”

“ဒါပေမယ့် ပွဲစတာနဲ့ ဒါတွေက ပုံမှန်ပြန်ဖြစ်သွားမှာပါ။ တစ်ခါတလေဆိုရင် ကျွန်တော် ချွေးစေးတွေတောင် ထွက်ပါတယ်။ စနေနေ့ နေ့လယ်ခင်းမှာလည်း ဒါက ပုံမှန်လိုပါပဲ။ ပွဲတိုင်း ဖြစ်နေကျလိုမျိုး ဖြစ်ပြီး ဒါနဲ့ အသားကျနေပါပြီ။ ကျွန်တော်ကတော့ အေးဆေးပါပဲ”

“ကစားသမားတွေကလည်း ချန်ပီယံလိဂ်မုဒ်ဝင်နေကြပြီး ဒါက ကျွန်တော့်ကို ယုံကြည်မှုရှိစေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ဒီတစ်ခါ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာသာ ထပ်မံဗိုလ်စွဲနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဖလားကို (၅) ကြိမ် ဆွတ်ခူးနိုင်တဲ့နည်းပြအဖြစ် သမိုင်းဝင်သွားမှာပါ။

Share

Loading Next Article...
က္က