• ကမ္ဘာ့ဖလားမကန်ရတဲ့အပြင် ဖိနပ်ထဲ အုတ်နီခဲထည့်ပြေးနေတာလားလို့ပါ ဂျော်ဂျင်ဟိုအလှောင်ခံခဲ့ရ

ဂျော်ဂျင်ဟိုတယောက် ပြိုင်ဘက်ရဲ့လှည့်စားတာကိုခံခဲ့ရတာပါ။

အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ မြောက်မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်က သူ့ရဲ့ ကစားပုံကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပွဲမှာ အီတလီတို့ အိမ်ကွင်းပွဲ ကစားခဲ့ရပေမယ့် နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

image

အဲ့ဒါကြောင့်လည်း အီတလီဟာ လာမယ့်ဆောင်းရာသီမှာ ကျင်းပမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားနဲ့ပါ လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုးလွဲချော်မှုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်ပွဲစဥ်တွေမှာ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီလွဲချော်မှုတွေကနေ အစပြုခဲ့တာပါ။

image

ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ဂျော်ဂျင်ဟိုက အရေးပါတဲ့ပင်နယ်တီတွေကို လွဲချော်ခဲ့ပါတယ်။ အခု အီတလီတို့ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရတဲ့နောက် ဒီလိုမျိုး ပင်နယ်တီလွဲချော်မှုတွေက သူ့အတွက် အမြဲတမ်းခြောက်လှန့်နေတော့မယ့် အရိပ်ဆိုးတွေလို့ ဂျော်ဂျင်ဟိုက ပြောပါတယ်။ ဒါပေမယ့် ဒါနဲ့တင်မပြီးသေးပါဘူး။

မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲမှာ ဂျော်ဂျင်ဟိုရဲ့ ကစားပုံက ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ မြောက်မက်ဆီဒိုးနီးယား ကစားသမား ဘာဒ်ဟီက ဂျော်ဂျင်ဟိုကို အလွယ်တကူ လှည့်စားကာ တန်ပြန်တိုက်စစ် စတင်ခဲ့ပါတယ်။ ရိုးရှင်းတဲ့ လှည့်ဖျားမှုဖြစ်ခဲ့ပေမယ့် ဂျော်ဂျင်ဟိုတယောက် ချော်လဲမလိုဖြစ်ပြီး လိုက်မမှီဘဲ ရုန်းကန်ခဲ့ရတာပါ။

ဒီအပေါ်မှာလည်း ပရိသတ်တွေက စိတ်ပျက်နေပြီး “ဒီလူက ဘာလို့ ဒီလောက်အထိ နှေးကွေးနေရတာလဲ” “ဒါက မမျှတတဲ့ဖြစ်ရပ်ပါ။ ဘယ်သူက ဂျော်ဂျင်ဟိုရဲ့ ဘောကန်ဖိနပ်ထဲ အုတ်နီခဲထည့်ခဲ့တာလဲ” အစရှိသဖြင့် လှောင်ပြောင်ဝေဖန်နေကြပါတယ်။

အီတလီအတွက်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးနှစ်ကြိမ်ဆက် လွဲချော်ခဲ့ရတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ ဘလွန်းဒီအော်ဆုမျှော်လင့်ခဲ့တဲ့ ဂျော်ဂျင်ဟိုကလည်း သူ့ရဲ့ ကစားသမားဘဝတလျှောက်လုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို တခါမှမကစားဖူးသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က