• လေးစားလောက်စရာမှတ်တမ်းနဲ့အချက်အလက်တွေကို ထပ်မံပိုင်ဆိုင်ခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုကတော့ အသက်ကြီးလည်းမပျက်စီးသေးဘူးဆိုတာကို သက်သေထပ်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် နော့ဝစ်ချ်ကို အိမ်ကွင်းမှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုက ကစားသမားဘဝအတွက် နောက်ထပ်အထင်ကြီးစရာမှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ရော်နယ်ဒိုရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

image

ဒါပေမယ့် နော့ဝစ်ချ်ရဲ့ ချေပဂိုးနှစ်ဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပြီး ယူနိုက်တက်တို့ အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရပါသေးတယ်။ အဲ့ဒီနောက် ရော်နယ်ဒိုက သူ့အတွက် ဟက်ထရစ်လည်းဖြစ်၊ ယူနိုက်တက်အတွက် အနိုင်ဂိုးလည်းဖြစ်မယ့် သွင်းဂိုးကို ဖရီးကစ်ကတဆင့် တိုက်ရိုက်ကန်သွင်းယူနိုင်ခဲ့ပါတယ်။

image

ဒီဟက်ထရစ်ဟာ ရော်နယ်ဒိုအတွက် ကစားသမားဘဝမှာ အကြိမ် (၅၀) မြောက် ဟက်ထရစ်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် (၁၆) ရာသီဆက်တိုက် ရော်နယ်ဒိုက ကလပ်သွင်းဂိုး (၂၀) ပြည့်မြောက်တဲ့ စံချိန်တရပ်ကိုလည်း ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲမှာ ပြိုင်ဘက်ဂိုးပေါက်ကို တည့်မတ်အောင် (၅) ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

အဲ့ဒီအထဲကမှ (၃) ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အခြားသော အချက်အလက်မှတ်တမ်းတွေကလည်း ကောင်းမွန်နေခဲ့ပါတယ်။ နော့ဝစ်ချ်နဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ ဘောလုံးပေးပို့မှု တိကျနှုန်းကလည်း (၉၁) ရာခိုင်နှုန်းနဲ့ ဘောလုံးပေးပို့မှု (၃၂) ကြိမ် အောင်မြင်ခဲ့ပါတယ်။ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ရော်နယ်ဒိုရဲ့ ဘောလုံးထိချက်က (၉) ကြိမ်အထိ ရှိခဲ့တာပါ။

ဒါ့အပြင် ဒီပွဲမှာရော်နယ်ဒိုက ဂိုးပေါက်ကန်ချက် (၈) ကြိမ်ရှိခဲ့ပြီး နှစ်ဖက်ကစားသမားတွေထဲမှာ အများဆုံးလည်းဖြစ်ခဲ့ပါတယ်။ အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုကတော့ နည်းပြသစ် အဲရစ်တန်ဟက်ခ်ရောက်လာခဲ့ရင် အသင်းကနေ ထွက်ရမယ်ဆိုတဲ့သတင်းတွေအလွန်မှာ အခုလိုပဲ အရွယ်နဲ့မလိုက်တဲ့ ခြေစွမ်းမျိုးကို ပြသခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က