• လွန်ခဲ့တဲ့ ၁၂ နှစ်က အမှတ်တရလေးတွေကို ပြောပြလာတဲ့ ချောရတနာ

ခင်ပွန်းဖြစ်သူနဲ့ ၂၀၀၂ မှာတွေ့တယ်။ ၂၀၀၇ မှာ ပြန်ဆုံတယ်။

ချောရတနာကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ စတင်တွေ့ဆုံချိန်က အမှတ်တရလေးတွေကို ပြောပြလာပါတယ်။ အခုဆိုရင်တော့ ၁၂ နှစ်တောင် ပြည့်ပြီတဲ့။

image

သရုပ်ဆောင် ချောရတနာကတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာပဲ ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ တွေ့ဆုံခဲ့တာ ၁၂ နှစ်ပြည့်ပြီလို့ ဆိုပါတယ်။ ချစ်သူ သက်တမ်း ၅ နှစ်မှာ အိမ်ထောင်ဘက်အဖြစ်လက်တွဲခဲ့တယ်လို့ သူကပြောပါတယ်။

"ရည်းစားဘဝနဲ့ချစ်ခဲ့တာ ၅နှစ် , အိမ်ထောင်သက် ၇နှစ်။ ၂၀၀၂ လောက်ထဲက သူကြိတ်ကြွေနေရှာတာ မပြောတော့ပါဘူးနော်။၂၀၀၇ မှာ ပြန်တွေ့ ပြီး ရေစက်ပြန်စုံတယ် ကြားထဲမှာ သူ ချစ်ချစ်လေး ဘယ်နှစ်ယောက်တွေ့ခဲ့လဲ မပြောတော့ဘူးနော်။ Anniversary ဆို လေအမှတ်တရ မိန်းမကိုလက်ဆောင်ပေးရတယ် ဆိုတာ မပြောတော့ပါဘူးနော်။ ၁၂နှစ်ပြည့်သွားပြီနော်" ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၁၂ နာရီ ၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Chaw Yadanar

ချောရတနာရဲ့ သားလေးကတော့ လက်ရှိမှာ (၃)နှစ်ကျော် လေးနှစ်အရွယ်ကို ရောက်နေပြီဖြစ် ပါတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေး ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာဟာ ၂၀၁၅ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Photo: Chaw Yadanar

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က