• မာဆယ်လိုအတွက် ရော်နယ်ဒိုရဲ့နှုတ်ဆက်စကားက ပရိသတ်တွေကို အတိတ်ဆီပြန်လွမ်းစေခဲ့

ရီးရဲလ်ကနေထွက်ခွာသွားတဲ့ မာဆယ်လိုအတွက် ရော်နယ်ဒိုကနှုတ်ဆက်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ ဂန္တဝင်နောက်ခံလူကြီး မာဆယ်လိုဟာ မနေ့ညက ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ နောက်ဆုံးသော သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ပြီး အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ ဒီကစားသမားဟာ အသင်းရဲ့သမိုင်းတလျှောက် ဆုဖလားအများဆုံး ဆွတ်ခူးနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

image

ဒီလိုမျိုး မာဆယ်လိုအတွက် ရီးရဲလ်မက်ဒရစ်က နှုတ်ဆက်ပွဲပြုလုပ်ပေးခဲ့ပြီး လက်ရှိအသင်းဖော်တွေနဲ့ အသင်းဖော်ဟောင်းတွေကလည်း မာဆယ်လိုကို အသီးသီးနှုတ်ဆက်ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီအထဲမှာ မာဆယ်လိုနဲ့အတူ ကွင်းတွင်းကွင်းပြင် အတွဲညီခဲ့တဲ့ ရော်နယ်ဒိုကလည်း မာဆယ်လိုကို အခုလိုပဲ နှုတ်ဆက်ခဲ့ပါတယ်။

image

ရော်နယ်ဒိုက “အသင်းဖော်တယောက်ထက်တောင် ပိုတဲ့သူတဦးပါ။ ဘောလုံးကပေးတဲ့ ကျနော့်အတွက် ညီအကိုတယောက်ဖြစ်ပါတယ်။ ကွင်းတွင်းကွင်းပြင်မှာ မာဆယ်လိုက အကြီးမားဆုံးကြယ်ပွင့်တွေထဲကတယောက်ဖြစ်ခဲ့ပြီး သူနဲ့အတူ အဝတ်လဲခန်းကို မျှဝေသုံးစွဲခွင့်ရခဲ့တာ ကျေနပ်စရာပါ”

“စွန့်စားမှုအသစ်တွေနဲ့ အရာအားလုံးအဆင်ပြေပါစေ၊ မာဆယ်လို” လို့ ဂုဏ်ပြုသွားခဲ့တာပဲဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့မာဆယ်လိုတို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ခေတ်ကောင်းတခုမှာ အကောင်းဆုံး အတွဲညီခဲ့ပြီး မာဆယ်လိုကလည်း ရော်နယ်ဒိုကို အလွန်တရာမှ ချစ်ခင်မြတ်နိုးသူတယောက်ပါ။ ဒါ့အပြင် ရော်နယ်ဒို ဂျူဗင်တပ်စ်ကို ပြောင်းသွားချိန်မှာလည်း မာဆယ်လို ငိုကြွေးခဲ့ဖူးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

မာဆယ်လိုအနေနဲ့ ရော်နယ်ဒိုပြောင်းရွှေ့သွားတဲ့ ဂျူဗင်တပ်စ်ကို လိုက်ပါပြောင်းရွှေ့ဖို့အထိ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်က ထွက်ခွာပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ပြိုင်ဘက်အဖြစ် ပြန်လည်မရင်ဆိုင်လိုတာကြောင့် ဥရောပကနေပါ ထွက်ခွာသွားဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က