အသေးစိတ်အစီအစဉ်လေးထပ်ပြောပေးမယ်တဲ့။

အိမ့်ချစ်က မိဘမဲ့ကလေးလေးတွေကို ကစားကွင်းလိုက်ပို့ပေးဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ မနှစ်ကလည်း သူမရဲ့ မွေးနေ့အမှတ်တရအဖြစ် ကလေးတွေကို ကစားကွင်း လိုက်ပို့ပေးဖူးပါသေးတယ်။

(၂၀၁၈ ခုနှစ်က ကလေးလေးတွေနဲ့ ပျော်ပွဲစားထွက်ခဲ့စဉ်) Photo : အိမ့်ချစ်



ပရိသတ်တွေအချစ်တော် အိမ့်ချစ်က မနှစ်ကလိုပဲ မိဘမဲ့ကလေးတွေကို ကစားကွင်းလိုက်ပို့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်ကတော့ ကလေးတွေနဲ့အတူ သူမရဲ့ မွေးနေ့အမှတ်တရအဖြစ် ပျော်ပွဲစားထွက်ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ သင်္ကြန်ပြီးမှဘဲ သွားဖြစ်တော့မယ်လို့ ဆိုပါတယ်။

“ဒီနှစ်အတွက် မိဘမဲ့ကလေးတွေကို ကစားကွင်းပို့မယ့် အစီအစဉ်က April လထဲမှ ဖြစ်ပါတော့မယ်။ သင်္ကြန်အပြီးလေးပေါ့ အလှူထဲမှာအားလုံးပါဝင်လို့ရအောင်လဲ စီစဉ်ပေးပါမယ်။ အသေးစိတ်ကိုပြန်ပြောပေးမယ်နော်” ဆိုပြီး အိမ့်ချစ်ရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : အိမ့်ချျစ်

အိမ့်ချစ်ရဲ့ မွေးနေ့က မတ်လ(၃၁) ရက်နေ့ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်က အသက်(၂၇)နှစ်ပြည့် မွေးနေ့မှာ ကလေးလေးတွေနဲ့အတူ ပျော်ရွှင်ခဲ့တဲ့ သူမဟာ ဒီနှစ်မှာလည်း ကလေးလေးတွေနဲ့အတူ ဖြတ်သန်းသွားဖို့အတွက် စီစဉ်နေတာပါ။ အိမ့်ချစ်ဟာ မွေးနေ့တိုင်းမှာ မွေးနေ့ပွဲ မလုပ်ဖြစ်ပေမယ့် မွေးနေ့အလှူကိုတော့ နှစ်တိုင်းဆိုသလို လုပ်လေ့ရှိပါတယ်။ မိဘမဲ့ကလေးကျောင်းတွေ၊ စိတ္တဇဆေးရုံမှာ လှူဒါန်းတာမျိုးတွေ လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo : အိမ့်ချျစ်

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦး လည်း ဖြစ်ပါတယ်။အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သူမဟာ မိဘ၊ဆရာသမားတွေသာမက ဘာသာရေးကို ကိုင်းရှိုင်းပြီး ကိုယ့်လုပ်တဲ့အလုပ်တစ်ခု ကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိထားနိုင်တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က