• မိုဒရစ် ယူအီးအက်ဖ်အေ အကောင်းဆုံးဆုရတာကို မလိုမုန်းထားဖြစ်နေတဲ့ ရော်နယ်ဒိုညီမ

လူမှုကွန်ရက်မှာ ရော်နယ်ဒိုနဲ့မိုဒရစ်တို့ရဲ့ ချန်ပီယံလိဂ် စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုမရပဲ မိုဒရစ်ရခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်ပြီး နှစ်ဦးသားရဲ့ ချန်ပီယံလိဂ် စွမ်းဆောင်ရည်တွေကို လူမှုကွန်ရက်မှာ နှိုင်းယှဉ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

image

Photo - Pinterest

 

ကမ္ဘာ့အကောင်းဆုံးဆုရှင် ရော်နယ်ဒိုရဲ့ ညီမ ကာတီယာအာဗီရိုဟာ ပြိုင်ဖက် ကစားဖော် မိုဒရစ် ယူအီးအက်ဖ်အေ အကောင်းဆုံး ကစားသမား ဆုရသွားတဲ့အပေါ် မလိုမုန်းထားစိတ်ေတွေ ပေါ်လာခဲ့ပါတယ်။

ပေါ်တူဂီအသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ ရော်နယ်ဒို 

မိုဒရစ်က ဥရောပဘောလုံးအဖွဲ့ချုပ်က ပေးအပ်ခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ဥရောပတစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု ကို ရော်နယ်ဒိုနဲ့ ဆာလာတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo - 101 Great Goals

 

ဒါကြောင့် ဒီဆုကို ရော်နယ်ဒိုကသာ ရသင့်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရော်နယ်ဒိုက မိုဒရစ်ထက် ပိုပြီး စွမ်းဆောင်ပြခဲ့တယ် ဆိုတဲ့ နှိုင်းယှဉ်ဖော်ပြမှုတစ်ရပ်ကို ၎င်းရဲ့ တွစ်တာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မိုဒရစ်တို့ဟာ ရီးရဲအသင်းမှာ နှစ်ကာလကြာရှည်စွာ လက်တွဲလာတဲ့ ကစားဖော်တွေ ဖြစ်ကြပေမယ့်လည်း အခုလို ရော်နယ်ဒို မရတဲ့ အပေါ်မှာတော့ ရော်နယ်ဒိုရဲ့ မိသားစုဝင်ဖြစ်သူက မလိုမုန်းထား ပြောဆိုခဲ့တာကတော့ စိတ်မချမ်းသာစရာ အဖြစ် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

 

ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့စ်မန်ဒက်ကလည်း ဒီဆုကို မိုဒရစ်ရပြီး ရော်နယ်ဒိုမရတာ ရယ်စရာကြီးလို့ လှောင်ပြောပြောဆိုခဲ့ပါသေးတယ်။

မိုဒရစ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးရဲအသင်းကို ချန်ပီယံ ဖြစ်စေခဲ့ရာမှာ ကွင်းလယ်မှာ အဓိက ကျခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခရိုအေးရှားအသင်းကို ဗိုလ်လုပွဲထိ တက်ရောက်စေခဲ့ရာမှာလည်း အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပါတယ်။

Photo - Sky Sports

 

ဒါကြောင့်လည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆိုကိုလည်း ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဘယ်လိုပဲ ဖြစ်ဖြစ် မိုဒရစ်ကတော့ ဒီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီ ဖြစ်သလို လာမယ့် ၂၀၁၈ ဘလွန်းဒီအောဆုကို လည်း ထပ်မံ ခြိမ်းခြောက်သွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က