• မြန်မာအသင်း အာရှအားကစားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ရခြင်းရဲ့ လျှို့ဝှက်ချက်ကဘာလဲ?

မြန်မာကစားသမားတွေမှာ အရင်က မမြင်ဖူးတဲ့ မြင်ကွင်းကတော့ ဘောလုံးဆုံးတာနဲ့ ချက်ခြင်းပြန်လိုက်တတ်လာတာပါပဲ။

ဒီပြိုင်ပွဲက အတွေ့အကြုံသာ အဓိက ရယူစရာရှိတာလို့ တစ်နိုင်ငံလုံးက ယုံကြည်ထားသလို တာဝန်ရှိသူတွေကလည်း ယုံကြည်ထားလို့ မြန်မာ  တစ်သင်းလုံး ဖိအားကင်းကင်းကစားနိုင်ခဲ့တာက မြောက်ကိုရီးယားကို သရေရစေခဲ့တာပါပဲ။

image

Photo - MFF

 

မြန်မာ ယူ-၂၃ အသင်းကတော့ အင်ဒိုနီးရှားနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာရှအားကစားပွဲတော်မှာ ပါဝင်ကစားနေပြီး မနေ့က တော့ အဖွင့်ပွဲအဖြစ် မြောက်ကိုရီးယားအသင်းနဲ့ ကစားခဲ့ပါတယ်။

ဦးဆောင်ဂိုးကို မထိန်းနိုင်ခဲ့လို့ မြောက်ကိုရီးယားကို အမှတ်ခွဲပေးလိုက်ရတဲ့မြန်မာ 

မြန်မာပရိသတ်တွေ အားလုံး တစ်ညီတစ်ညွတ်တည်း လက်ခံခဲ့ကြတာက ဒီပွဲမှာ မြန်မာအသင်းက အတွေ့အကြုံသက်သက်ရယူပြီး အာဆီယံ ဆူဇူကီးအတွက် ပြင်ဆင်မယ်ဆိုတာပါ။

Photo - MFF

 

ဒါပေမယ့် မြန်မာအသင်းကတော့ မနေ့က ဘယ်သူမှ ထင်မှတ်မထားတဲ့ ခြေစွမ်း၊စိတ်ဓာတ်တွေနဲ့ အာရှအင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ မြောက်ကိုရီးယားအသင်းကို ဦးဆောင်ဂိုးသွင်းယူနိုင်ပြီး သရေကစားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မြန်မာအသင်းအကြောင်း ရွှန်းရွှန်းဝေအောင်ပြောဆိုနေတာတွေက ပရိသတ်တွေအကြား၊ဆိုရှယ်လူမှုကွန်ရက်အကြား ပျံ့နှံ့ လျက်ရှိနေပါတယ်။

Photo - MFF

 

မြန်မာအသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ကို ချီးကျူးကြသလို နည်းပြသစ်ဖြစ်တဲ့ အန်တွန်နီဟေးကိုလည်း ချီးကျူးမှုတွေ ပြုလုပ်နေတာ တွေ့ရပြီး တစ်ကယ်တမ်း မြန်မာအသင်း ခြေစွမ်းပြနိုင်ခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်းကိုတော့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။

မြန်မာအသင်းအနေနဲ့ ဒီပွဲကို မကစားခင်မှာ ဒီပြိုင်ပွဲအပေါ်ထားရှိတဲ့ အသင်းရဲ့ ရည်ရွယ်ချက်က တစ်နိုင်ငံလုံး ရှင်းလင်းပြတ်သားစွာ သိထားနှင့်ပြီး ဖြစ်တဲ့အတိုင်း အတွေ့အကြုံယူဖို့ပါ။

ဒီပြိုင်ပွဲမှာ ပြိုင်ဖက်တွေကို ဂိုးတွေ ဘယ်လောက်နဲ့ရှုံးရှုံး၊ခြေဘယ်လိုပြတ်ပြတ် ပရိသတ်နဲ့ တာဝန်ရှိသူတွေက မြန်မာအသင်းကို နားလည်မှု အပြည့်ပေးမယ်ဆိုတာ မြန်မာ ကစားသမားတွေ သိထားနှင့်ပြီး ဖြစ်မှာပါ။

ဒါကြောင့်လည်း ကျွန်တော်တို့ မြန်မာ ယူ-၂၃ အသင်းက ပြိုင်ဖက်တွေထက် အားသက်ချက်ပိုရှိခဲ့တာက ဒီပွဲအပေါ် ဖိအားတစ်စုံ တစ်ရာ လုံး၀ ရှိမနေခဲ့တာပါပဲ။

အရာအားလုံးကို ပေါ့ပေါ့ပါးပါးပဲ ကစားမယ်၊ပေါ့ပေါ့ပါးပါးပဲ ရင်ဆိုင်မယ်၊ တွေ့ကြုံလာသမျှ အခွင့်အရေး အပြည့်ယူမယ်ဆိုတဲ့ အတွေးက မြန်မာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အပြည့်အ၀ မြှင့်တင်ပေးခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ နည်းပြကလည်း တတ်နိုင်သလောက် နည်းစနစ်ပိုင်းသင်ပြမှုတွေ ရှိမှာပါ၊ ကစားသမားတွေကလည်း တတ်နိုင်သလောက် ကြိုးစားခဲ့ကြ ပါတယ်၊ ကံကောင်းခဲ့တာလည်း ပါသလို ကြိုးစားခဲ့တာတွေကလည်း အရာထင်ခဲ့ပါတယ်။

မြန်မာ ကစားသမားတွေအနေနဲ့ အရင်က မတွေ့ဖူးတဲ့ မြင်ကွင်းကတော့ ဘောလုံးဆုံးတာနဲ့ ချက်ခြင်း ပြန်လိုက်တာကိုတော့ အားရဖွယ် မြင် တွေ့ရပြီး မြန်မာကစားသမားတွေမှာ လုံး၀ မမြင်ရတာကတော့ "ဖိအား"ပါပဲ။

ဒါကြောင့် လာမယ့် ဆူဇူကီးဖလားမှာလည်း အခုလိုပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်၊စိတ်ဓာတ်ခွန်အားအပြည်နဲ့ ကစားမယ်ဆိုရင် ဘာမှ ခက် ခဲမှု ရှိမှာ မဟုတ်ပါဘူး။

ဒီလို ဖိအားကင်းကင်း၊ယုံကြည်မှု ရှိရှိကစားဟန်ကို မနက်ဖြန်မှာ ကစားမယ့် ဆော်ဒီနဲ့ ပွဲမှာလည်း အေးဆေးတည်ငြိမ်စွာ ကစားပြမယ်ဆိုရင် ပရိ သတ်တွေ ထပ်မံပြီးတော့ မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုကို စွမ်းဆောင်ပြနိုင်လိမ့်ဦးမယ်လို့ ယုံကြည်လျက်........။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က