မြန်မာနိုင်ငံပင်လယ်ပြင်လုံခြုံရေးအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ခုတည်ထောင်ဖို့ စီစဉ်နေတယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန့်ကြားမှုဦးစီဌာန ညွှန့်ကြားရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။

Photo - myanmarnavy.org
သုံးခွမြို့နဲ့ ၇ မိုင်အကွာမှာ အင်ဒိုကုန်သင်္ဘောကြီးလာပြီးသောင်တင်တာနဲ့ပတ်သက်ပြီး ပင်လယ်ပြင်လုံခြုံရေးအခြေအနေတွေကို မေးမြန်းခဲ့ရာမှာ စက်တင်ဘာ ၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာမီဒီယာတွေကို ပြောဆိုလိုက်တာပါ။
"ကျွန်တော်တို့နိုင်ငံမှာ ရေကြောင်းနဲ့ဆိုင်တဲ့ ပြစ်မှုတွေကို တွေကို ဆောင်ရွက်ဖို့ဟာသည် နေဗီ တစ်ခုတည်းနဲ့ဘယ်လိုမှ မလုံလောက်ပါဘူး။ အဲဒီအတွက်ကြောင့် ဒီ CostGuard ဖွဲ့စည်းဖို့လိုအပ်ပါတယ်ဆိုတာကို ကျွန်တော်တို့က နိုင်ငံတော်ကို အကြံပြုတင်ပြထားပါတယ်။"လို့ ညွှန့်ကြားရေးမှူးချုပ်ဦးသောင်းကြိုင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ဥပဒေမရှိသေးတာကြောင့် ပင်လယ်ပြင်နဲ့ ကမ်းခြေတွေကို ကာကွယ်ဖို့အတွက် လေ့လာသုံးသပ်နေပြီး တခြားနိုင်ငံတွေမှာ ဆောင်ရွက်နေမှုအေခြေအနေတွေကို ကြည့်ပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်လုံခြုံရေးနဲ့ပတ်သက်လို့ ကီလိုမီတာ ၂၀၀၀ ကျော်ရှည်တဲ့ ကမ်းရိုးတန်းကို လွှမ်းခြုံနိုင်ဖို့ ရေဒီယိုစတေရှင်တွေများစွာလိုအပ်နေပြီး ဒါတွေတည်ဆောက်ဖို့ရာ နိုင်ငံ့စီးပွားရေးအခြေအနေ ရှိတာလေးနဲ့ လုံခြုံအောင်ကြိုးစားနေရတယ်လို့လည်းသူကပြောပါတယ်။