• Featured

    နိုင်ငံ ၆ နိုင်ငံကို ဖုန်းတင်ပို့ရောင်းချမှု Xiaomi စတင်ပိတ်ပင်

ရောက်နေတဲ့ဖုန်းတွေကိုလည်း ဆော့ဖ်ဝဲလ်နဲ့ လှမ်းပိတ်ထားပါတယ်

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ တားမြစ်ထားတဲ့ နိုင်ငံတချို့ကို စမတ်ဖုန်းတင်ပို့ရောင်းချမှုကို စတင်ပိတ်ပင်ကြပ်မတ်ထားတယ်လို့ ဆိုပါတယ်။ 

ကမ္ဘာပေါ်က တချို့နိုင်ငံနဲ့ ဒေသတွေမှာ တင်ပို့ကုန်မူဝါဒအရ ကုမ္ပဏီထုတ် စမတ်ဖုန်းတွေသုံးစွဲမှု ဟန့်တားဖို့ Xiaomi ဟာ စည်းကမ်းတင်းကြပ်လာတာ ဖြစ်ပါတယ်။ တားမြစ်ထားတဲ့နိုင်ငံတွေထဲမှာ ဆီးရီးယား ၊ ကျူးဘား ၊ အီရန် ၊ ဆူဒန် ၊ ကရိုင်းမီးယားနဲ့ မြောက်ကိုရီးယားတို့ ပါဝင်နေပါတယ်။ ဒီ ၆ နိုင်ငံကို Xiaomi စမတ်ဖုန်းတွေ တရားဝင် တင်ပို့လို့ မရအောင် ကုမ္ပဏီဘက်က တောက်လျှောက် ဟန့်တာမှု လုပ်နေတယ်လို့ Gizmochina သတင်းကဆိုပါတယ်။ 

image

Photo: Gizmochina


လက်ရှိမှာ ဒီနိုင်ငံတွေကို ဖြတ်ကျော်ပြီး Xiaomi စမတ်ဖုန်းတွေ တရားမဝင် မှောင်ခိုတင်သွင်းမှုတွေ ရှိနေပါတယ်။ ဒီလို တားမြစ်ထားတဲ့နိုင်ငံတွေထဲ Xiaomi စမတ်ဖုန်း မှောင်ခို တင်ပို့မှု မဖြစ်စေဖို့ ရောင်းထားတဲ့ ထုတ်ကုန်တချို့ကို ဆော့ဖ်ဝဲလ်သုံးပြီး လှမ်းပိတ်ထားတယ်လို့ ဆိုပါတယ်။ Reddit လူမှုကွန်ရက်ပေါ်က သတင်းတွေအရ ကျူးဘားနယ်စပ်မှာ ရောက်နေတဲ့ ကုမ္ပဏီရဲ့ နောက်ဆုံးထွက်စမတ်ဖုန်းတချို့ကို Xiaomi ဟာ စပြီး ပိတ်ထားနေပြီလို့ သိရပါတယ်။ 

ဆီရီးယားက Xiaomi ဖုန်း ဝယ်ထားသူတွေဆီကတော့ ဒီထုတ်ကုန်ကို အသုံးပြုလို့ မရနိုင်ဘူးဆိုတဲ့ မက်ဆေ့တွေ ပို့ထားပါတယ်။ အရင်နယ်စပ်ခွင့်ပြုမှုတွေ ရှိတုန်းက Activate လုပ်ပြီးသား Xiaomi ဖုန်းတွေနဲ့ အဲ့ဒီနယ်တွေမှာ လက်ရှိ သုံးနေတဲ့ Xiaomi ဖုန်းတွေရော ဆက်သုံးလို့ ရနိုင်/မရနိုင်ဆိုတာတော့ မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က