• Featured

    နိုင်ငံတကာပွဲစဥ်တွေမှာ ရော်နယ်ဒို ကစားခွင့်ရစေရမယ်လို့ ပေါ်တူဂီနည်းပြအသိပေး

ယူနိုက်တက်မှာ ရော်နယ်ဒိုပွဲကစားချိန်နည်းပါးတာနဲ့ပတ်သက်လို့ ဖာနန်ဒိုဆန်းတို့စ်က ပြောကြားခဲ့တာပါ။

ပေါ်တူဂီ လက်ရွေးစင် နည်းပြ ဖာနန်ဒို ဆန်းတို့စ်က အသင်းခေါင်းဆောင် ရော်နယ်ဒို ယူနိုက်တက်မှာ ပွဲချိန်ပြည့်ကစားလေ့မရှိတာနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

image

ရော်နယ်ဒိုဟာ ယူနိုက်တက် နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်မရရှိခဲ့ဘဲ ဒုတိယပိုင်းမှသာ လူစားဝင်ကစားခဲ့ရတာပါ။ အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို ပွဲတိုင်းပေးကစားမှာမဟုတ်ဘဲ ရော်နယ်ဒိုရဲ့ ပွဲကစားချိန်ကို စနစ်တကျ စီမံပေးမယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကဆိုထားတာပါ။

image

ရော်နယ်ဒိုကို အဲဗာတန်နဲ့ပွဲမှာ ပွဲထွက်ခွင့်မပေးခဲ့တဲ့အပေါ် ယူနိုက်တက် ဂန္တဝင်နည်းပြဟောင်း ဖာဂူဆန်ကလည်း ဆိုးလ်ရှားအပေါ် အပြစ်မြင်ခဲ့ပြီး ပရိသတ်တွေကလည်း ဆိုးလ်ရှားကို ဝေဖန်နေကြပါတယ်။ ဒါပေမယ့် ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကတော့ ရော်နယ်ဒိုအတွက် ပွဲကစားချိန် လိုအပ်တယ်လို့ဆိုလာတာပါ။

ပေါ်တူဂီဟာ ဒီညမှာ ကာတာနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားမှာဖြစ်ပြီး လာမယ့်အင်္ဂါမှာတော့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လူဇင်ဘတ်နဲ့ ကစားရမှာပါ။ ဖာနန်ဒိုဆန်းတို့စ်က “ကာတာနဲ့ကစားမယ့်ပွဲနဲ့ ပတ်သက်ပြီး စံချိန်မှတ်တမ်းတွေကို မစဥ်းစားနိုင်ပါဘူး။ ရော်နယ်ဒိုက စံချိန်တွေကို ရိုက်ချိုးနေကျပဲလေ”

“သူလည်း ဒီအရာတွေအပေါ်မှာ စိတ်မပူပါဘူး။ သူ ဝင်ကစားမှာပါ။ ဘာလို့လဲဆိုတော့ သူ့အတွက် ပွဲကစားချိန် လိုအပ်တယ်လေ။ ဒီလိုအဆင့်မျိုးမှာ ဒါက အရေးကြီးပါတယ်။ သူ နောက်ဆုံးပွဲချိန်ပြည့်ကစားခဲ့တာ ချန်ပီယံလိဂ်မှာပါ”

“လူဇင်ဘတ်နဲ့ပွဲမှ သူဝင်ကစားရင်တော့ (၁၅) ရက်လောက်ကို သူက ပွဲမကစားဘဲ နေလိုက်ရသလို ဖြစ်မှာပါ။ အဲ့ဒီတော့ ရော်နယ်ဒို ကာတာနဲ့ပွဲမှာ ဝင်ကစားနိုင်ခြေက အရမ်းများပါတယ်။ ပွဲထွက်ကစားသမား ဒါမှမဟုတ် လူစားဝင်ကစားသမားအနေနဲ့ပေါ့။ ဒါမှ လူဇင်ဘတ်နဲ့ပွဲမှာ ရစ်သမ် ပြန်မိလာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် နိုင်ငံတကာ ပွဲပေါင်း (၁၈၀) ကစားပေးထားပြီး မလေးရှားအတွက် နိုင်ငံတကာပွဲပေါင်း (၁၉၅) ပွဲ နဲ့ နိုင်ငံတကာပွဲအများဆုံးကစားပေးထားတဲ့ ဆိုချင်အန်ရဲ့ စံချိန်ကို လိုက်မှီနိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က