ယူနိုက်တက်အတွက် ၃ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တာပါ။

ကန်ဆယ်လို၊ ရူဒီဂါ၊ စိန့်မက်ဆီမင်၊ မိုဟာမက်ဆာလာနဲ့ ဆား တို့ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုဟာ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်က ဖော်ပြချက်အရ ပေါ်တူဂီတိုက်စစ်မှူးဟာ စက်တင်ဘာလအတွင်း သွင်းဂိုး ၃ ဂိုးအထိ အသင်းအတွက် ရယူပေးခဲ့ပြီး ခြေစွမ်းပြကစားခဲ့တာကြောင့်လို့ သိရပါတယ်။ 



ဒါဟာ ရော်နယ်ဒိုအတွက်တော့ အသင်းဟောင်းကို ပြန်ရောက်လာပြီး ပထမဆုံးလမှာပဲ တလတာအကောင်းဆုံးဆုကို ဆွတ်ခူးနိုင်မှုဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်ကို ရောက်ရောက်ချင်းပဲ ခြေစွမ်းပြကစားခဲ့ကာ အသင်းအတွက် အရေးပါတဲ့သွင်းဂိုးတွေကို ရယူပေးနိုင်ခဲ့သလို နိုင်ပွဲရအောင်စွမ်းဆောင်ပေးနိုင်ခဲ့မှုတွေကြောင့် အခုလို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

သူဟာ ယူနိုက်တက်အတွက် နောက်ဆုံးအကြိမ်အဖြစ် တလတာအကောင်းဆုံးကစားသမားဆုကို ရရှိပြီး ၁၃ နှစ်အကြာမှာ ပထမဆုံးအကြိမ်ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ သူဟာ နယူးကာဆယ်နဲ့ပွဲမှာ နှစ်ဂိုးသွင်းယူပေးခဲ့ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ အဖွင့်ဂိုးသွင်းယူပေးခဲ့ကာ အဆိုပါနှစ်ပွဲစလုံးအနိုင်ရရှိအောင် အသင်းကို ကူညီပေးနိုင်ခဲ့ပြီး ကန်ဆယ်လို၊ ရူဒီဂါ၊ စိန့်မက်ဆီမင်၊ မိုဟာမက်ဆာလာနဲ့ ဆား တို့ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၇ ပွဲကစားပေးအပြိးမှာ ၅ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွက် အကောင်းဆုံးကစားသမားဆုကိုတော့ တိုက်စစ်မှူးတစ်ဦးပဲဖြစ်တဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးအန်တိုနီယိုက ဆွတ်ခူးခဲ့ကာ တိုက်စစ်မှူးတွေ ၂လဆက်တိုက် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က