ဒီတစ်ပတ်မှာတော့ ငွေ ၅၀,၀၀ ကျပ် လက်ထဲမှာ ကိုင်ပြီး စားချင်တာတွေ အဝစားလို့ရမယ့် သင်္ဃန်းကျွန်းမုန့်စျေးတန်းလေးအကြောင်းကို ရေးသားတင်ဆက်ပေးချင်ပါတယ်။
သင်္ဃန်းကျွန်းမုန့် စျေးတန်းလေးက ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက စပြီး စည်ကားလာခဲ့တာဖြစ်ပြီး အခုဆိုရင် တနိုင်တပိုင် မုန့်ဆိုင်လေးတွေ ပိုပြီးများလာတာတွေ့ရပါတယ်။ သင်္ဃန်းကျွန်းဘက်ကို ရောက်လို့ ဘာစားရမလဲ စဉ်းစားနေတဲ့ အစားအ သောက် ချစ်သူတွေအနေနဲ့ စျေးလည်းတန် အရသာလည်းရှိတဲ့ သင်္ဃန်းကျွန်၊း ငမိုးရိပ လမ်းထဲက ဘတ်ဂျက်ဆိုင်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
တစ်ချောင်း ၅ဝ ကျပ်တန် တုတ်ထိုးဆိုင်လေး

ဒီဆိုင်လေးတော့ အသုပ်အစုံနဲ့ တုတ်ထိုး အစုံရတဲ့ ဆိုင်လေးပါ။ ခေါက်ဆွဲသုပ် ၊ ကြာဇံသုပ်နဲ့ မုန့်ဖတ်သုပ်တို့အပြင် ဝက်သားတုတ်ထိုး၊ ငဖယ်တုတ်ထိုးနဲ့ အသီးအရွက်တုတ်ထို တွေကို တစ်ချောင်း ၅၀ ကျပ်နဲ့သာ ရောင်းချလျက်ရှိပြီး လက်မလည်အောင် ရောင်းနေရတဲ့ဆိုင်လေးတစ်ဆိုင်လည်းဖြစ်ပါတယ်။ တုတ်ထိုးမှ တုတ်ထိုးဆိုတဲ့ သူတွေအတွက်လည်း ပေးရတဲ့ စျေးနဲ့ တန်ပြီးအရသာရှိလှ တဲ့ တုတ်ထိုးဆိုင်လေးမှာလာရောက်စားသုံး ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။
စျေးနှုန်းသင့်တင့်တဲ့အကင်ဆိုင် နဲ့ ၂၅၀၀ တန်ငါးကင်ဆိုင်
ဒီဆိုင်လေးက တော့ ကြက်ကင်၊ ကြက်ပေါင်၊ တောင်ပံ ၊ ကြက်ခြေ ထောက်နဲ့ အ ရေ ခွံအစုံရှိပြီး ရုံးပတီသီး၊ အာလူးနဲ့ အသားတုအစုံတို့ပါ ရရှိနိုင်ပါတယ်။ စျေးနှုန်းလေးတွေကလည်း တစ်ချောင်းကို အနည်းဆုံး ၁ဝဝ ကျပ်က စပြီး အများဆုံးမှ ၁ဝဝဝ ကျပ်သာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ အကင်ဆိုင်လေးပဲ ဖြစ်ပါတယ်။
အကင်ဆိုင်နဲ့ ဘေးကပ်ရပ်မှာတော့ တစ်ကောင်ကို ၂၀၀၀၊ ၂၅ဝဝကျပ်တန် ငါးကင်ကိုပါ တစ်ခါတည်းရရှိနိုင်ပါတယ်။
ကြာဇံကြော်ခေါက်ဆွဲကြော်စားမလား၊ မြန်မာမုန့်တွေစားမလား
အကင်ဆိုင်တွေနဲ့ မလှမ်းမကမ်းဆက်လျှောက်လာမယ်ဆိုရင်တော့ ကြိုက်တာစား တစ်ချောင်း ၁ဝဝ ဆိုပြီး တုတ်ထိုးအအစုံနဲ့ ကြက်သားဆန်ပြုတ်၊ ကြာဇံ ကြော်၊ ခေါက်ဆွဲကြော်ဆိုင်လေးကို ရောက်ရှိပါပြီ။ ဆန်ပြုတ်အလွတ် တစ်ပွဲ ၅၀၀ ဖြစ်ပြီး ကြက်သားနဲ့ ဆိုရင်တော့ ၁၀၀၀ ပဲဖြစ်ပါတယ်။ တုတ်ထိုး တွေက တော့ ဘာစားစား တစ်ချောင်း ၁၀၀ ဖြစ်ပြီး ယိုးဒယား ထမင်းကြော် တုံယမ်းထမင်းကြော်၊ ကြာဇံကြော်၊ချို ချဉ် ကြော်စတဲ့ တရုတ်အစားအစာမျိုးစုံတို့ကို တစ်ဆိုင်ထဲမှာ ရရှိစားသုံးနိုင်ပါတယ်။
မြန်မာမုန့်တွေကို ကြိုက်နှစ်သက်သူဆိုရင်လည်း အဲ့ဒီ့ဆိုင်လေးရဲ့ ဘေးမှာ တစ်တစ်ဗူးကို တော့ ၅၀၀ ကျပ်ပဲပေးရတဲ့ မြန်မာမုန့်မျိုးစုံကို စားနိုင်ပါသေးတယ်။
Happy Bar Bubble Tea ဆိုင်လေး
Bubble Tea ချစ်သူတွေ အကြားနာမည်ကြီးနေတဲ့ Happy Bar ဆိုင်လေးကလည်း အဆင်သင့်ရှိနေပါတယ်။ Happy Bar နာမည်ကြီးနေရတဲ့ အ ကြောင်း က တော့ Bubble Tea တစ်ခွက် ကို တစ်ထောင် လုံးဝမ ကျော်ဘဲ အရသာရှိတဲ့ Bubble Tea တွေကို ရရှိနိုင်လို့ပဲ ဖြစ်ပါတယ်။ စားသုံးသူတွေ အ နေနဲ့ Bubble တွေကို ထပ်ထည့်လိုပါက ငွေ ကျပ် ၃၀၀ ပေးပြီး ဝယ်ယူနိုင်ပါတယ်။ ဆိုင်ကြီးတွေ မှာ Bubble Tea တွေကို တစ်ခွက် ၂၀၀၀ ကျော် ဝယ်သောက် နေရတဲ့အချိန်မှာ Happy Bar မှာ တော့ တစ်ခွက်ကို ၁၀၀၀ မ ကျော်ဘဲ သောက် သုံးနိုင်တာကြောင့်လဲ လူကြိုက်များ နာမည်ကြီးနေတာပဲဖြစ်ပါတယ်။
သင်္ဃကန်းကျွန်းမြို့နယ် ငမိုးရိပ်လမ်းထဲက မုန့်စျေးတန်းမှာ ည နေ ၃နာရီ ကျော်လောက်က စပြီးလာရောက်စားသုံးသူ တွေနဲ့ အမြဲမပြတ်စည်းကားနေတတ်တာဖြစ်ပြီး ဒီကာလထဲမှာ ဘတ်ဂျက် ချွေတာ ချင်သူတွေ အတွက်လည်းများစွာ အဆင်ပြေပြီး ပိုက်ဆံ အိတ်ထဲ ငွေကျပ် ၅၀၀၀ လောက် ထည့်လာရုံနဲ့ သူငယ်ချင်းအ ပေါင်းအသင်းတွေ ပျော်ပျော်ပါးပါး စုပေါင်းစားသောက်လို့ရနိုင်တာကြောင့် Duwun ရဲ့စာဖတ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။