• နည်းပြဘဝက အနားယူပြီဖြစ်ကြောင်း အံ့အားသင့်ဖွယ် ကြေညာလိုက်တဲ့ ကလော့ပ်

ကလော့ပ်ကတော့ ရုတ်တရက်ကြေညာလိုက်တာပါ။

လီဗာပူးနည်းပြဟောင်း ကလော့ပ်ကတော့ နည်းပြလောက,ကနေ အနားယူပြီဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့ပါတယ်။ ဒီနည်းပြကြီးဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ လီဗာပူးနဲ့ လမ်းခွဲခဲ့ပြီးနောက် အခုချိန်အထိ အသင်းလက်မဲ့ဖြစ်နေတာပါ။

image

သူ့ကို ခေါ်ယူဖို့ အင်္ဂလန်လက်ရွေးစင်အသင်းက သတင်းထွက်ခဲ့သလို အခြားသော ထိပ်တန်းအသင်းကြီးတွေကလည်း စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ ခေတ္တအနားယူဦးမယ်လို့ဆိုပြီး ဘယ်ချဉ်းကပ်မှုကိုမှ လက်မခံခဲ့ပါဘူး။

image

အခုချိန်မှာတော့ ကလော့ပ်က “ဒီနေ့မှာတော့ ကျနော့်ရဲ့ နည်းပြဘဝက ဒီလောက်ပါပဲ။ ကျနော် ဒါကို ရုတ်တရက် ဆုံးဖြတ်ခဲ့တာ မဟုတ်ပေမယ့် ယေဘုယျကျကျ ဆုံးဖြတ်ခဲ့တာပါ။ ကျနော်က ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေကို နည်းပြခဲ့ပြီးပါပြီ”​လို့ ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်ဟာ မိန့်ဇ်၊ ဒေါ့မွန်၊ လီဗာပူးတို့ကို ကိုင်တွယ်ခဲ့တာပါ။ လီဗာပူးက ကလော့ပ်လက်ထက်မှာ ပြန်လည်တောက်ပလာခဲ့ပြီး ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားတို့လို အဓိကဆုဖလားတွေကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က