• QWERTY keyboard အပြည့်ပါတဲ့ ပထမဆုံး 5G ဖုန်း

အသေးစား လက်ပ်တော့လို သုံးနိုင်မှာပါ

ရှားပါး QWERTY ကီးဘုတ်အပြည့်ပါ ကမ္ဘာ့ပထမဆုံး 5G ဖုန်းတစ်လုံး ဈေးကွက်ထဲ ဝင်လာတော့မှာပါ။

Astro Slide 5G ဟာ နည်းပညာထုတ်ကုန်သစ်အတွက် ရံပုံငွေရှာတဲ့ Indiegogo ဝက်ဘ်ဆိုက်ပေါ် ရောက်နေတဲ့ ဖုန်းဖြစ်ပြီး အခုမှ တရားဝင် ဖြန့်ချိဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Planet Computers က ထုတ်တဲ့ ဒီဖုန်းဟာ 5G ရတဲ့ စမတ်ဖုန်းဖြစ်ပြီး processor အနေနဲ့ MediaTek Dimensity 800 processor ကို သုံးလာမှာပါ။ Slide ဖုန်း ဒီဇိုင်းဖြစ်ပြီး ထူးခြားတာက display ကို ဘယ်ဘက်ဘေး ဆွဲထုတ်လိုက်မယ်ဆိုရင် အောက်မှာ physical QWERTY Keyboard တစ်ခု ကို တွေ့ရမှာ ဖြစ်ပါတယ်။

image

Photo: Gizmochina

display ကို Slide Out လုပ်ပြီး ဆွဲထုတ်ချိန်မှာ အောက်မှာပါတဲ့ ကီးဘုတ်နဲ့အတူ Astro Slide 5G ကို Landscape mode နဲ့ သုံးနိုင်မှာ ဖြစ်ပါတယ်။ display နဲ့ keyboard ကိုလည်း ပတ္တာ Hinge Mechanism ကနေ ပိုကြည့်လို့ကောင်းအောင် ထောင်မတ်ပေးထားနိုင်မှာပါ။ တနည်းအားဖြင့် ဒီထုတ်ကုန်ဟာ လက်ပ်တော့အသေးစားနဲ့ ဆင်နေပါတယ်။ ဒီဇိုင်းပိုင်းမှာ ထူးခြားနေပြီး ကျန်တဲ့ အချက်အလက်တွေကတော့ Mid-range specs နဲ့ လာပါတယ်။

Astro Slide 5G ဟာ မျက်နှာပြင် ၆.၃၉ လက်မ FHD+ AMOLED panel သုံးထားပါတယ်။ RAM 8GB/128GB storage ပါရှိပြီး microSD card support ပေးထားပါတယ်။ အားသွင်းမှုအတွက် USB Type C နဲ့လာပြီး 10W Wireless charging လည်း ပါရှိမှာပါ။ လာမယ့် ဇွန်လထဲ ဈေးကွက်တင် ဖြန့်ချိသွားဖို့ ရှိပြီး အကြမ်းဖျဉ်း ဒေါ်လာ ၇၀၀ (မြန်မာငွေ ၉ သိန်း ၃ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က