• LG စမတ်ဖုန်းလုပ်ငန်း ဗီယက်နမ်အခြေစိုက် VinGroup ဆီ ရောင်းချသွားဖို့ရှိ

ဗီယက်နမ်ကုမ်ပဏီဆီ ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းမှု လုပ်ထားတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားကုမ္ပဏီ LG ဟာ စမတ်ဖုန်းစီးပွားရေးကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

LG CEO ရဲ့ ဝန်ထမ်းတွေကို အသိပေးတဲ့ ကုမ္ပဏီအတွင်း အသိပေးချက်မှာ ကုမ္ပဏီအနေနဲ့ အရှုံးပေါ်နေတဲ့ စမတ်ဖုန်းစီးပွားရေးကို အပြောင်းအလဲလုပ်ဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုတစ်ကြိမ် Business Korea က လာတဲ့ သတင်းတစ်ပုဒ်အရ VinGroup ဟာ LG ဖုန်းစီးပွားရေးကို လက်လွှဲရယူဖို့ ဆွဲဆောင်မှုအရှိဆုံး ကမ်းလှမ်းချက် ရထားတယ်လို့ ဆိုပါတယ်။

image

Photo: The Next Web

ဗီယက်နမ်စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ VinGroup အနေနဲ့ LG စမတ်ဖုန်းလုပ်ငန်းကို ဝယ်ယူဖို့ဆိုတာကလည်း နီးစပ်မှု ရှိနေပါတယ်။ VinGroup ဟာ LG ဖုန်းတွေကို Original Design Manufacturer (ODM) တစ်ခုအဖြစ် ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်သလို Samsung နဲ့ OPPO ပြီးရင် ဗီယက်နမ်ရဲ့ တတိယအကြီးဆုံး ဖုန်းထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ VinGroup ကုမ္ပဏီမှ VSmart တံဆိပ် ပထမဆုံး 5G ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ VinGroup ဟာ အမေရိကန် Chipmaker ကြီးဖြစ်တဲ့ Qualcomm နဲ့ ပေါင်းပြီး VSmart Aris 5G နာမည်နဲ့ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံး ဘီလျံနာတစ်ဦးဖြစ်သူ ဖန်နတ်ဗောင်တည်ထောင်ထားတဲ့ Vingroup ဟာ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး VSmart တံဆိပ် စမတ်ဖုန်းတွေ ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ 


Photo: Hanoi Times

LG စမတ်ဖုန်းစီးပွားရေးဟာ သုံးလပတ် ၂၃ ခုကျော် ဆက်တိုက် အရှုံးပြနေတယ်လို့ဆိုပါတယ်။ အဲဒီ ၅ နှစ်ကျော်အတွင်း လုပ်ငန်းလည်ပတ်မှု အရှုံးပေါ်တဲ့ ပမာဏဩာ ဒေါ်လာ ၄.၂ ဘီလျံကျော် ရှိခဲ့တယ်လို့လည်း Korea Times သတင်းက ဖော်ပြထားပါတယ်။ အခုလို ဆက်တိုက်အရှုံးပေါ်နေတာကပဲ LG အနေနဲ့ စမတ်ဖုန်းလုပ်ငန်းကို လက်လွှဲရောင်းချဖို့ စဉ်းစားလာစေတဲ့ အချက် ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ LG အနေနဲ့ ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်းသစ်တွေနဲ့ ဈေးကွက်ကို ဆွဲဆောင်ဖို့ ကြိုးစားနေပြီး ဒီထဲမှာ အလျားလိုက် လှည့်နိုင်တဲ့ Secondary Display ပါ LG Wing စမတ်ဖုန်းနဲ့ display ကို ဆွဲဆန့်နိုင်အောင် ထုတ်ထားတဲ့ LG Rollable တို့လည်း ပါရှိပါတယ်။ စမတ်ဖုန်းလောကမှာ သက်တမ်းရှည်ခဲ့တဲ့ LG အနေနဲ့ BlackBerry နဲ့ HTC တို့ လမ်းစဉ်အတိုင်း ကျရှုံးသွားမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က