ကပ်ဘေးအတွင်းမှာ Desktop တင်ပို့မှု ဆက်လက်ကျဆင်းနေပေမယ့် Laptop ထုတ်ကုန်ရောင်းအားဟာ အရင်နှစ်ကထက် ၂၆% မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၀ ပြည့်နှစ်ဟာ Laptop ရော Desktop ပါ တင်ပို့မှု အမြင့်ဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ အချက်အလက်များအရ Laptop တင်ပို့မှု ၂၀၁ သန်း နဲ့ Desktop တင်ပို့မှု ၁၅၇ သန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်မှာ Laptop တင်ပို့မှုဟာ ၁၅၆.၈ သန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရောင်းအား ပြန်တက်လာခဲ့တာ ဖြစ်ပါတယ်။ Desktop တင်ပို့မှုကတော့ ၁၀ နှစ်ဆက်တိုက် အကျဘက်ရောက်နေခဲ့ပါတယ်။

Photo: GSMArena
နိုင်ငံတကာအချက်အလက် ကော်ပိုရေးရှင်း IDC ရဲ့ ခန့်မှန်းချက်အရ လာမယ့် ၂၀၂၃ ခုနှစ်မှာ Laptop တင်ပို့မှုအလုံးရေ ၂၁၆ သန်း ရှိမယ်လို့ မျှော်လင့်ထားပါတယ်။Canalys ဆီက လာတဲ့ အချက်အလက်တွေအရ ၂၀၂၀ ပြည့်နှစ်အတွင်း Laptop တင်ပို့ရောင်းချမှုဟာ အလုံးရေ ၂၃၅.၁ သန်း အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ Desktop တင်ပို့မှုကတော့ ၆၁.၉ သန်းအထိ ကျဆင်းလာနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာ Laptop ဝယ်လိုအားဟာ ထိုးတက်လာခဲ့တာ ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် အရင်နှစ်ကထက် ၂၆% ပိုမြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Laptop ဈေးကွက်မှာ အင်အားအကြီးဆုံးဟာ Lenovo ဖြစ်ပြီးဈေးကွက်တစ်ခုလုံးရဲ့ လေးပုံတစ်ပုံခန့် (၂၄.၅%) ကို လွှမ်းမိုးထားတာ ဖြစ်ပါတယ်။ Laptop တင်ပို့မှုအနေနဲ့ စုစုပေါင်း ၇၂.၇ သန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။
Photo: GSMArena
Lenovo နောက်မှာ HP နဲ့ Dell တို့က အလုံးရေ ၆၇.၆ သန်း နဲ့ ၅၀.၃ သန်းစီနဲ့ အစဉ်အတိုင်း ရပ်တည်နေတယ်လို့ ဆိုပါတယ်။ ဈေးကွက်အနေနဲ့ အမေရိကန်ဟာ Laptop ဈေးကွက်ထဲမှာ အကြီးဆုံး ဖြစ်ပြီး Laptop ဝင်ငွေအားလုံးထဲက ဒေါ်လာ ၃၆.၁ ဘီလျံကို ရှာပေးနိုင်ခဲ့ပါတယ်။ သူ့နောက်မှာ တရုတ် (ဒေါ်လာ ၁၉.၆ ဘီလျံ) နဲ့ ဂျပန် (ဒေါ်လာ ၉.၈ ဘီလျံ) စီနဲ့ လိုက်ပါနေပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း Laptop ရောင်းအားဝင်ငွေဟာ ဒေါ်လာ ၁၄၀.၃ ဘီလျံ (အရင်နှစ်ထက် ဒေါ်လာ ၄.၆ ဘီလျံပိုများပြားလာ) အထိ ရှိတယ်လို့ ဆိုပါတယ်။