• Featured

    ငဖဲမြို့နယ် လေးအိမ်စုကျေးရွာမှာ အိမ်ခြေ (၅၀)ခန့် မီးလောင်၊ အမျိုးသားနှစ်ဦး မီးလောင်ခံရ

မီးကြွင်းမီးကျန်မှတဆင့် မီးဖိုတစ်ခုလုံး မီးစွဲပြီး မီးစတင်လောင်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။

ဒီကနေ့ နေ့လည် ၁နာရီ၂၀မိနစ်ခန့်အချိန်က မကွေးတိုင်း ငဖဲမြို့နယ်လေးအိမ်စုကျေးရွာမှာမီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ကာ အိမ် ခြေ(၅၀)ခန့် မီးလောင်ခံရပြီး အမျိုးသားနှစ်ဦး မီးလောင်ခံရကြောင်း ကနဦးသိရပါတယ်။

image

ဖြစ်စဉ်မှာ လေးအိမ်စုကျေးရွာနေ ဒေါ်....ကအိမ်ပေါ်မှာ မီးဖိုတင်ချက်ပြီး မီးမငြှိမ်းသတ်ဘဲထားရာမှ နေ့လည် ၁နာရီ၂၀မိနစ်အချိန်ခန့် မီးကြွင်းမီးကျန်မှတဆင့် မီးဖိုတစ်ခုလုံးမီးစွဲပြီး မီးစတင်လောင်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။

image

 ဓာတ်ပုံ- ဒေသခံတစ်ဦး

" မီးလောင်နေတာကို မသိပါဘူး၊ သူတို့မီးဖိုတစ်ခုလုံးလောင်နေကာမှသိပြီး ရွာသူရွာသားတွေအကုန်လုံး ဝိုင်းငြှိမ်းသတ်ခဲ့ပေမဲ့ မမီခဲ့ပါဘူး၊ အိမ်ပိုင်ရှင်တွေက ဇီးသီးကောက်သွားနေတာပါ သူတို့မီးဖိုကနေ အိမ်မကြီးကိုအရင်မီးစွဲ ပါတယ်၊ ပြီးတော့ ဇီးသီးခြံဘက်ခုန်ကူးပြီး လောင်သွားပါတယ်၊ နှစ်အိမ်သုံးအိမ်လောင်တော့ မီးသတ်နိုင်ပါသေးတယ် တခြား အိမ်တွေ နွားခြံတွေဘက် ကူးသွားတော့ မနိုင်တော့ပါဘူး၊အခု ရွာအနောက်ဘက်ခြမ်း အိမ်ခြေငါးဆယ်လောက်မီးထဲပါသွားပါတယ်၊ အမျိုးသားနှစ်ဦး မီးလောင်ခဲ့ပြီး တိရစ္ဆာန်တွေလည်းသေတာတွေရှိပါတယ်၊လူအသေအပျောက်ကတော့ သေချာမသိရသေးပါဘူး၊ မီးကအခုမှသတ်နိုင်တာဆိုတော့ သေချာမစစ်ကြည့်ရသေးပါဘူး"ဟု လေးအိမ်စုကျေးရွာနေ မအိစံပါယ်က ပြောပါတယ်။

ဓာတ်ပုံ- ဒေသခံတစ်ဦး

"မီးစလောင်တာက နေ့လည် ၁နာရီ၂၀မိနစ်လောက်ကစလောင်တာပါ၊ မီးညွန့်ကျိုးတာက ခန့်မှန်းခြေ နေ့လည်၂နာရီခွဲလောက်မှာပါ၊ မီးသတ်ကားတွေက မင်းဘူးခရိုင်နဲ့ ငဖဲမီးသတ်ကားတွေရယ်၊ ကျွန်တော်တို့ကြက်ခြေနီတပ်ဖွဲ့ရယ်၊ ပရဟိတအဖွဲ့တွေ့ရယ်၊ ဒေသခံတွေ ဝိုင်ဝန်းငြှိမ်းသတ်ကြပါတယ်၊ ရွာခံအမျိုးသား(၂)ဦး မီးလောင်ခံရလို့ ငဖဲဆေးရုံကို ပို့ဆောင်နေပါပြီ၊ တရိစ္ဆာန်အသေအပျောက်ရှိနိုင်တယ်၊ ဆုံးရှုံးမှုအတိအကျကတော့ မသိရနိင်သေးပါဘူး"ဟု ငဖဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးထိန်လင်းက ပြောပါတယ်။

မကွေးပို့စ်မှပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က