ကျောင်းသားသုံး Laptop ဘယ်လို ရွေးမလဲ

ပညာရေးသုံး Laptop တစ်လုံးအတွက် ဘယ်လောက်သုံးသင့်သလဲ

လက်ပ်တော့ဝယ်မယ်ဆိုရင် စဉ်းစားရတာလည်း အများသား။ အခုမှ အွန်လိုင်းကနေ စာသင်မယ့် ကလေးတွေအတွက်ဆို Laptop ရွေးရတာ ခေါင်းရှုပ်နိုင်ပါတယ်။ ဒီတော့ ကျောင်းသားသုံးအတွက် Laptop ဝယ်တော့မယ်ဆိုရင် မဖြစ်မနေ စဉ်းစားသင့်တဲ့အချက်လေးတွေ ပြောပြပေးချင်ပါတယ်။ 


image


Photo: nacotechnologies


Online Learning အတွက် သုံးဖို့ Laptop ဝယ်မယ်ဆိုရင် Screen Size သိပ်ကြီးစရာ မလိုပါဘူး။ ၁၂.၅ လက်မကနေ ၁၄ လက်မအတွင်းဆို အနေတော်ပါပဲ။ ၁၃-၁၄ လက်မ Screen Size လက်ပ်တော့ဟာ ၄ ပေါင်အောက်ပဲ လေးလို့ သယ်လို့ သုံးလို့လည်း အဆင်ပြေသလို သယ်ရပြုရလည်း လွယ်ပါတယ်။ Screen ကြီးတာက ဟိုနားဒီနား သယ်သွားရ အဆင်မပြေပါဘူး။ ကလေးတွေအတွက်ဆို Screen Size ၁၃ လက်မတစ်ဝိုက်လောက်က အသင့်တော်ဆုံးပါပဲ။


(၂) ပါသင့်တဲ့ Specs တွေ


Photo: trustedreviews


ကျောင်းသားသုံး Laptop မှာ ဘယ်လို Specs တွေ ပါသင့်သလဲဆိုရင် အခုပြောမယ့် Specs တွေတော့ အနည်းဆုံး ပါဖို့ လိုပါတယ်။ processor အနေနဲ့ Intel Core i5 ဒါမှမဟုတ် Ryzen 5 CPU ၊ Screen Resolution 1920 x 1080p ၊ RAM 8GB နဲ့ SSD Storage ပါတဲ့ Laptop ဖြစ်သင့်ပါတယ်။ ဘက်ထရီအနေနဲ့ ၉ နာရီကျော် Batter Life ခံတဲ့ Laptop ဖြစ်သင့်ပြီး Webcam ပါတာမျိုး ရွေးရမှာပါ။ 


Graphic Chip အနေနဲ့ ပုံမှန် လေ့လာရေးသုံး Laptop အနေနဲ့ built-in Graphic နဲ့ အဆင်ပြေပါတယ်။ တကယ်လို့ Graphic လိုတယ်ဆိုရင် mid-range မော်ဒယ်တွေ ဖြစ်တဲ့ Nvidia Geforce RTX 2050 လိုမျိုး 20 series chip တွေ ပါတာမျိုး ရွေးနိုင်ပါတယ်။ AMD ဆိုရင် Radeon RX5700 လိုမျိုး graphic card တွေ ရွေးချယ်နိုင်ပါတယ်။ ports အနေနဲ့ USB 3.0 port ၊ USB Type C/Thunderbolt 3,4 နဲ့ HDMI port တွေပါဖို့ လိုပါတယ်။ 


(၃) OS Platform



Photo: The New York Times

Laptop တစ်လုံးမှာ ကိုယ်သုံးမယ့် OS platform ကတော့ ကိုယ့်အကြိုက်နဲ့ကိုယ် ရွေးနိုင်ပါတယ်။ တချို့က Windows OS နဲ့ သုံးရတာ ပိုအားရကြပြီး တချို့ကတော့ MacOS ကို ပိုသဘောကျတတ်လို့ပါ။ ကျောင်းသားသုံးဆို Chrome OS လည်း နာမည်ကြီးပါတယ်။ ဒီတော့ Chrome OS သုံးမလား ၊ Windows လား MacOS လား ကြိုစဉ်းစားထားပါ။ 


Windows 10 OS က Laptop အများစုနဲ့ ကိုက်တဲ့ OS ဖြစ်ပြီး ကျောင်းသားတွေ ၊ သုတေသနသမားတွေနဲ့ စီးပွားရေးလုပ်ငန်းသုံးသူတွေအတွက် အဆင်ပြေပါတယ်။ Apple macOS သုံး MacBook တွေက ဈေးကြီးပါတယ်။ ဘက်ဂျက်ကို စဉ်းစားမယ်ဆိုရင် Windows က Mac ထက် သာပါတယ်။ Chrome OS ကတော့ Samsung Chromebook 3 လိုမျိုး Chromebooks တွေမှာ ပါတဲ့ Google OS ဖြစ်ပါတယ်။


အခုနောက်ပိုင်းမှာ ပညာရေးသုံးအတွက် Chromebook တွေကို အတော်များများ သုံးလာကြပါတယ်။ Chromebook တွေက ပေါ့ပါးပြီး သယ်ရလွယ်ပါတယ်။ ပညာရေးသုံးဖို့ အဓိက ထုတ်ထားတာ ဖြစ်လို့ ကျောင်းသားသုံးဖို့အတွက် အကောင်းဆုံးရွေးချယ်မှုထဲမှာ ထည့်စဉ်းစားသင့်ပါတယ်။ 


(၄) ဈေး



Photo: AARP

Laptop ဈေးတွေကတော့ အစားစားပါပဲ။ မြန်မာငွေ ၃ သိန်းအောက်တန်ကနေ သိန်း ၃၀ ကျော်တန်တွေ အထိ ရှိပါတယ်။ ကျောင်းသားသုံးအတွက်ဆို မြန်မာငွေ ၅ သိန်းကနေ ၇ သိန်းအကြား Laptop တွေမှာ ကိုယ်လိုချင်တဲ့ features တွေ ပါပါတယ်။ Apple ထုတ်ကုန်တွေ ဖြစ်တဲ့ MacBook Pro နဲ့ MacBook Air တို့ကတော့ တက္ကသိုလ်အဆင့် ကျောင်းသားတွေနဲ့ ပိုအဆင်ပြေပါတယ်။ ကျောင်းသားသုံးဖို့အတွက်ဆို ဈေးလည်း အမြင့်ဆုံး ဖြစ်ပါတယ်။ဈေ

Chromebook ထဲကဆို Acer's Chromebook ၊ HP Chromebook ၊ Lenovo Flex 3 Chromebook တို့ ရွေးနိုင်ပြီး Windows ထဲကဆို Microsoft Surface ၊ Dell XPS Laptop တို့လည်း ရွေးချယ်နိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က