ကိုယ့်အိမ်မှာ ဖြစ်စေ ကိုယ့်အသိမိတ်ဆွေတွေထဲက ဖြစ်စေ အရေးပေါ် အောက်ဆီဂျင်လိုအပ်လာရင် အခုပြောမယ့် ဝက်ဘ်ဆိုက်တွေကနေ ဝင်ကြည့်နိုင်ပါတယ်။
လောလောဆယ် လက်လှမ်းမီသလောက် ဝက်ဘ်ဆိုက်နဲ့ App တွေကိုပဲ မျှဝေပေးထားပြီး နောက်ထပ် သတင်းအချက်အလက်အသစ်တွေရရင်လည်း ထပ်ပြီး ဖော်ပြပေးသွားမှာပါ။
(၁) Care Diary
ဝင်ရောက်ရန် လင့်ခ် >> https://app.ourcarediary.com/dashboard
Care Diary ဟာ အောက်ဆီဂျင်ရနိုင်မယ့် ဆေးခန်းနဲ့ လူမှုရေးအသင်းပေါင်း ၅၀၄ သင်းကို ချိတ်ဆက်မျှဝေပေးထားတဲ့ ပလက်ဖောင်းဖြစ်ပြီး ရန်ကုန် (၂၆၆ နေရာ ) ၊ မန္တလေး (၈၂ နေရာ) ၊ ဧရာဝတီ (၁၀ နေရာ ) ၊ ကချင် (၃ နေရာ ) ၊ ကရင် (၁ နေရာ ) ၊ စစ်ကိုင်း (၁၅ နေရာ ) ၊ မကွေး (၁၇ နေရာ ) ၊ မွန် (၁၉ နေရာ) ၊ ရခိုင် ( ၂ နေရာ) ၊ နေပြည်တော် (၂၉ နေရာ) ၊ ပဲခူး (၁၃ နေရာ) နဲ့ ရှမ်း (၄၄ နေရာ) တို့မှာ ရှိတဲ့ အောက်ဆီဂျင်ရနိုင်မယ့်လိပ်စာတွေ စုစည်းဖော်ပြထားတာပါ။
Care Diary မှာ လောလောဆယ် အဆင်ပြေဆုံးက ဝက်ဘ်ဆိုက်လင့်ခ်ကနေ သွားပြီး ကိုယ်လိုချင်တဲ့ မြို့နယ်အလိုက် ရှာတာပါပဲ။ Search လုပ်တာကို ပိုပြီး အဆင်ပြေစေတာက ဒီနေ့ရက်စွဲကို အင်္ဂလိပ်လိုအတိုကောက် (ဥပမာ- 19July) ဆိုပြီး အောက်ဆီဂျင်ရနိုင်မယ့် နေရာတွေ ရှာနိုင်တာပဲ ဖြစ်ပါတယ်။
အောက်ဆီဂျင်ရနိုင်မယ့် နေရာနဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေကိုလည်း နာရီအလိုက် Update တင်ပေးနေပါတယ်။ ဝက်ဘ်ဆိုက်အနေနဲ့ ဗားရှင်း 0.1 (Beta) ပဲ ဖြစ်လို့ ဆက်ပြီး Development တွေ လုပ်သွားဖို့ ရှိပါတယ်။
Care Diary ဟာ Google Play Store ပေါ်မှာလည်း Early Acess ဒေါင်းလုပ်ဆွဲနိုင်အောင် တင်ထားတာ တွေ့ရပါတယ်။ လောလောဆယ် App မှာ ကျန်းမာရေးဗဟုသုတနဲ့ အောက်ဆီဂျင်ရနိုင်မယ့်လိပ်စာ Feature မပါသေးပါဘူး။
(၂) mmcovid
ဝင်ရောက်ရန် လင့်ခ် >> https://mmcovid.glideapp.io/
Google Glide app နဲ့ ထုတ်ထားတဲ့ လိပ်စာနဲ့အဆက်အသွယ်တွေ စုထားတဲ့ Data Sheet ဖြစ်ပါတယ်။ mobile app စတိုင် Address Book လုပ်ထားတာဖြစ်ပြီး လင့်ခ်ထဲ ဝင်ဝင်ချင်း ဝန်ဆောင်မှုများ ဆိုတဲ့ Tab အောက်မှာ အောက်ဆီဂျင်ရမယ့်နေရာတွေကို တန်းစီချပြီး ဖော်ပြထားတာ တွေ့ရမှာပါ။
မြို့နယ်အလိုက် ဘယ်မှာ အောက်ဆီဂျင်ရနိုင်မလဲ ရှာချင်ရင်တော့ ဝန်ဆောင်မှုများ Tab အပေါ်ညာထောင့်နားက Search Bar မှာ မြို့နယ်နာမည်အစတစ်လုံးနှစ်လုံးလောက် ရိုက်ပြီး ရှာတာနဲ့ အောက်ဆီဂျင်ဖြည့်နိုင်မယ့် လူမှုရေးအသင်းတွေရဲ့နာမည်တွေ တန်းစီ တွေ့ရမှာပါ။ လိပ်စာနဲ့ ဖုန်းနံပါတ် သိဖို့အတွက်တော့ နာမည်တွေကို ထောက်ကြည့်ရုံပါပဲ။
mmcovid ပလက်ဖောင်းမှာ Covid-19 တိုက်ဖျက်ရေးအတွက် ပိုပြီး အထောက်အကူဖြစ်စေဖို့ အကူအညီဆိုတဲ့ Tab နဲ့အတူ မြို့နယ်အလိုက် စားသောက်စရာနဲ့ဆေးဝါ ဝယ်ပေးမယ့် လူနာမည်တွေနဲ့ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေ ထည့်ပေးထားတာပါပဲ။
(၃) Oxygen Myanmar
ဝင်ရောက်ရန် လင့်ခ် >> https://o2.neptunemm.com/contact/
ဒီဝက်ဘ်ဆိုက်မှာ နေ့စဉ်အောက်ဆီဂျင်ရနိုင်မယ့်နေရာတွေအပြင် ရန်ကုန် ၊ မန္တလေး ၊ မိုးကုတ် ၊ ပြင်ဦးလွင်စတဲ့ မြို့အသီးသီးမှာ တစ်နေ့တာ Update အောက်ဆီဂျင်ရနိုင်မယ့် လိပ်စာစာရင်း ၊ အောက်ဆီဂျင် ဖြည့်နိုင် / ဝယ်ယူနိုင်မယ့် အချိန်နဲ့ အောက်ဆီဂျင်အမျိုးအစားအထိ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတယ်။
Oxygen Myanmar ရဲ့ ဝက်ဘ်ဆိုက်ကလည်း Update ဖြစ်ပြီး Data စုံလင်တိကျသလို သုံးရတာလည်း လူတိုင်းနဲ့ အဆင်ပြေပါတယ်။ COVID-19 ရောဂါအတွက် တိုင်ပင်ဆွေးနွေးနိုင်မယ့် ဆရာဝန်တွေရဲ့ နာမည်နဲ့ ဖုန်းနံပါတ်လည်း ဒီဝက်ဘ်ဆိုက်မှာ ကြည့်နိုင်သလို ရောဂါအကြောင်း အမေးများတဲ့ မေးခွန်းတွေကို အဖြေနဲ့တကွလည်း တဆက်တည်း ဖော်ပြထားပါတယ်။
(၄) GetO2MM
ဝင်ရောက်ရန် လင့်ခ် >> https://geto2mm.org/
လူမှုကွန်ရက်သုံးသူတိုင်း အောက်ဆီဂျင်ရနိုင်မယ့် နေရာကြည့်နိုင်မယ့် Page နဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ Facebook မှာ Get O2 MM Page ဆိုတဲ့ နာမည်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အောက်ဆီဂျင်ရနိုင်မယ့်နေရာတွေကို ဆက်သွယ်စုံစမ်းပြီး အချိန်နဲ့ တပြေးညီ Update စာရင်းကိုလည်း ဖော်ပြပေးနေပါတယ်။ Get O2 MM အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အောက်ဆီဂျင်နဲ့ ဆက်စပ်ပစ္စည်း ရနိုင်မယ့်နေရာ ရှာဖွေရေးမှာ သတင်းကွန်ရက်စီးဆင်းမှု မြန်ဆန်စေဖို့လည်း Page မှာ တင်ထားတဲ့ ပို့စ်တွေအောက်က Comment မှာ https://bit.ly/3kqi1Zc ဆိုတဲ့ နဲ့ Google Form လင့်ခ်ကနေလည်း ဝင်ရောက်ပါဝင်ကူညီပြီး သတင်းအချက်အလက်တွေ မျှဝေပေးနိုင်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 တတိယလှိုင်းမှာ အရေးပေါ်အောက်ဆီဂျင်အခက်အခဲတွေကြောင့် အသက်ဆုံးရှုံးမှုတွေအထိ ကြုံတွေ့နေရပါတယ်။ အခုပြောမယ့် ဝက်ဘ်ဆိုက်လင့်ခ်လေးတွေက အောက်ဆီဂျင်ကို အမြန်ချိတ်ဆက်ရှာဖွေရာမှာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ အားလုံး ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကြပါစေ။
Share