ဖုန်းထဲမှာ မထားသင့်တဲ့ App ၅ မျိုး

ဖုန်းထဲက ချက်ချင်း Delete လုပ်ရမယ့် Apps တွေ

မလိုအပ်ဘဲ ထည့်မိတဲ့ Apps တွေက Storage နေရာယူရုံတင်မဟုတ်ဘဲ ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ဘက်ထရီသက်တမ်းပေါ်ပါ ထိခိုက်မှုရှိပါတယ်။

               ဖုန်းတစ်လုံးရဲ့ Performance ကို မထိခိုက်ဖို့ဆို စမတ်ဖုန်းရှင်းလင်းရေး လုပ်ချိန်ရောက်ပြီလို့ ပြောချင်ပါတယ်။ အခုတစ်ခေါက်မှာ ဖုန်းထဲက ချက်ချင်း Delete လုပ်ရမယ့် App ၅ မျိုးအကြောင်း မျှဝေပေးလိုက်ပါတယ်။


(၁) RAM save ဖြစ်တယ်ဆိုတဲ့ Apps တွေ

image


Photo: Unsplash

               Background မှာ run နေတဲ့ App တွေက ဘာမှမလုပ်ဘဲ ဒီအတိုင်း standby ထားချိန်မှာတောင် ဖုန်း RAM နဲ့ ဘက်ထရီစားပါတယ်။ ဖုန်း memory ကို boost လုပ်ပေးတယ်ဆိုတဲ့ apps တွေက ပိတ်ထားရင် ပြန်ပြန်ပြီး restart လုပ်တာကြောင့် ဖုန်းစနစ်တည်ငြိမ်မှုကို ထိခိုက်စေပါတယ်။ တကယ်တော့ Android မှာ RAM သုံးတာကို အလိုအလျောက် ပြန်ထိန်းပြီး manage လုပ်တဲ့စနစ် ပါပြီးသားဖြစ်လို့ memory boost လုပ်မယ့် third-party apps တွေ မလိုပါဘူး။


(၂) Cleaning app


Photo: Unsplash


               Cleaning Apps တွေက ဖုန်း performance မြှင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ Clean Master တို့လိုမျိုး Cleaner apps တွေဟာ ဘက်ထရီပါဝါစားပြီး အထဲက in-app ads တွေကလည်း ဒေတာစားတာကြောင့် ဖယ်ထားတာ အကောင်းဆုံးပါပဲ။

               တကယ်တော့ဖုန်းထဲက Cached data တွေ ရှင်းဖို့အတွက် သီးသန့် Cleaner app မလိုပါဘူး။ Settings ကနေ Storage> Cached data ကို သွားပြီး ရှင်းရင် ရပါတယ်။ app တစ်ခုချင်းစီရဲ့ cache တွေ ရှင်းမယ်ဆိုရင်လည်း Settings > Apps > Downloaded ကို သွားပြီး app တစ်ခုချင်းစီကနေ Clear Cache ကို ဝင်ရှင်းနိုင်ပါတယ်။

               

(၃) Data စားလွန်းတဲ့ apps တွေ


Photo: Unsplash

               

               ဖုန်းထဲမှာ အသုံးအများဆုံးက Facebook ၊ TikTok ၊ Instagram တို့လို Social Media Apps တွေ ဖြစ်မှာပါ။ ဒီ apps တွေ က များများသုံးလေလေ ဒေတာလည်းသိပ်စားပြီး ဘက်ထရီအားလည်း အကုန်မြန်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်း ၂ ခု ရှိပါတယ်။ တစ်ခုက Social Media Apps တွေကို browser ဗားရှင်းနဲ့ သုံးဖို့ပါ။ နောက်တစ်နည်းက Resource အစား သက်သာတဲ့ Lite ဗားရှင်းနဲ့ သုံးဖို့ ဖြစ်ပါတယ်။ ဥပမာ- Facebook ဆို Facebook Lite app သုံးတာမျိုး ဖြစ်ပါတယ်။


(၄) Bloatware


Photo: Unsplash

               Bloatware တွေကတော့ ကိုယ်ဝယ်လိုက်တဲ့ ဖုန်းအမျိုးအစားပေါ်လိုက်ပြီး တစ်ခါတည်း preinstalled ထည့်ပေးလိုက်တဲ့ apps တွေ ကို ပြောတာပါ။ ဒီ apps တွေထဲမှာလည်း ကိုယ်အသုံးမလိုတဲ့ ၊ မသုံးဖြစ်တဲ့ Apps တွေလည်း အများကြီးပါပဲ။ ဥပမာ ဟိုတယ်ဘွတ်ကင်တင်တာတို့ ဂိမ်းတို့။ Bloatware တွေထဲမှာ ကိုယ့်အတွက် အသုံးမလိုတဲ့ Apps တွေ ရှိရင် Uninstall လုပ်ပစ်ပါ။ Uninstall option မပါရင် disable လုပ်တာ ၊ Force Stop ပေးတာမျိုး လုပ်နိုင်ပါတယ်။


(၅) Battery-Saving Apps


Photo: Unsplash


               Memory Boosting apps တွေလိုပဲ Battery-saving apps တွေကလည်း ဖုန်း resource စားပါတယ်။ မထည့်တာ အကောင်းဆုံးပါပဲ။ နောက်ပြီး ဖုန်း settings ထဲမှာလည်း သုံးလေ့မရှိတဲ့ app တွေအတွက် ဘက်ထရီ limit လုပ်နိုင်တဲ့ Adaptive Battery features တွေ ပါရှိပါတယ်။ ဆိုတော့ batter-saver app သက်သက် ထည့်စရာမလိုပါဘူး။

               အခုပြောတဲ့ apps တွေကို ရှင်းထားရင် ဖုန်းဘက်ထရီကျလွယ်တာ ၊ ဒေတာအလွန်အကျွံသုံးတာ နဲ့ ဖုန်းသုံးရ လေးလံတာတွေ အတော်လေး သက်သာသွားပါလိမ့်မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က