• ပေါ့ဘာကို ပြန်လည်လှောင်ပြောင်တဲ့ ပရိသတ်တွေကို ရန်းနစ်ဂ် အပြစ်တင်ခဲ့

ရန်းနစ်ဂ်က ပေါ့ဘာကို ကာကွယ်ပေးသွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က ပေါ့ဘာကို ပြန်လည်လှောင်ပြောင်ခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ဒီပွဲမှာ ပေါ့ဘာက ယူနိုက်တက် ကွင်းလယ်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် ယူနိုက်တက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ပဲ ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

image

ပွဲကစားချိန် (၇၄) မိနစ်မှာတော့ ပေါ့ဘာကို ယူနိုက်တက်နည်းပြရန်းနစ်ဂ်က မာတာနဲ့ လူစားလဲခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေဟာ ဒီပွဲမှာ ပွဲချိန်အတွင်း အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန္ဒပြခဲ့ကြသလို ပေါ့ဘာကိုလည်း အလွတ်မပေးဘဲ ပြန်လည်လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

image

ပေါ့ဘာဟာ ယူနိုက်တက်နဲ့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို လက်မခံထားသေးပါဘူး။ ဒါ့အပြင် ကစားသမားအနေနဲ့ ခြေစွမ်းပြဖို့ မကြာခဏ ရုန်းကန်နေရပါတယ်။ အဲ့ဒီအပေါ်မှာမူတည်ပြီး ယူနိုက်တက်ပရိသတ်တွေက ပေါ့ဘာကိုပါ ရောနှောလှောင်ပြောင်ခဲ့တာဖြစ်နိုင်ပါတယ်။

ဒီလိုမျိုး လှောင်ပြောင်မှုကို ရန်းနစ်ဂ်က ကွင်းထဲမှာ ကိုယ်တိုင်မကြားခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပေါ့ဘာနဲ့ပတ်သက်လို့တော့ ပရိသတ်တွေကို အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ်။ ရန်းနစ်ဂ်က “ပေါ့ဘာအပေါ် လှောင်ပြောင်မှုတွေကို ကျနော်မကြားခဲ့ပါဘူး။ ဒါပေမယ့် ပွဲပြီးတော့ ကျနော့်ကို ဒီအကြောင်း လာပြောပြထားပါတယ်”

“ပရိသတ်တွေ စိတ်ပျက်နေတာကို ကျနော် အပြည့်အဝနားလည်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကစားသမားတယောက်ချင်းအပေါ်ကို ပစ်မှတ်ထားသင့်တယ်လို့ ကျနော် မထင်ပါဘူး။ ဒါက မှန်ကန်တဲ့လုပ်ရပ်လို့လည်း ကျနော်မထင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က