တစ်ချိန်က ကမ္ဘာ့ တာတိုအပြေး ပြိုင်ပွဲမှာ ကမ္ဘာ့ စံချိန်တင် မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့သူ ဖြစ်သလို အိုလံပစ် အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်များ စွာ ရယူခဲ့ဖူးသူ ဖြစ်ပါတယ်။
Photo - BR
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်းဖြစ် ကမ္ဘာ့တာတို အပြေးချန်ပီယံလည်း ဖြစ်တဲ့ အူစိန်ဘော့က ပရော်ဖက်ရှင် နယ်ဘောလုံးသမားဘဝကို ခံယူလိုက်ပြီ ဖြစ်ပါတယ်။
မိုင်ပေါင်း ၁၀၀၀၀ ကျော် ခရီးနှင်ရမယ့် အာဆင်နယ်အသင်း
မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ကမ္ဘာ့ အပြေးပြိုင်ပွဲမှာ စံချိန်ရှင်တစ်ဦးလည်း ဖြစ်တဲ့ အူစိန်ဘော့အနေနဲ့ လက်ရှိမှာတော့ သြစတြေလျကလပ် စန်ထရယ်ကို့စ်မာရီနာအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။
Photo - BR
ဒီမတိုင်ခင်က ဂျာမနီနဲ့ နောဝေးလ်တို့မှာ ဘောလုံးပညာကိုအချိန်ယူ လေ့လာ လိုက်စားခဲ့ပြီးနောက်မှ အခုလို မာရီနာအသင်းနဲ့ ပရော်ဖက်ရှင် နယ် ကစားသမားဖြစ်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘော့စ်က အရင်ကတည်းက တစ်ချိန်ကျရင် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဖြစ်ဖို့ ပါးစပ်က တစ်ဖွဖွ ပြောခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
Photo - BR
မနေ့က ကစားခဲ့တဲ့ မာရီနာအသင်းရဲ့ ခြေစမ်းပွဲစဉ်မှာပါဝင်ကစားခဲ့ပြီး ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝရဲ့ ပထမဆုံး ပရော်ဖက်ရှင် နယ်ပွဲစဉ်တစ်ပွဲကို ပါဝင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။
ဘော့စ်ပါဝင်ကစားနေတဲ့ မာရီနာအသင်းက မနှစ်က အမှတ်ပေးဇယားအောက်ဆုံးနားမှာ ရပ်တည်ခဲ့တာ ဖြစ်ပြီး အခုနှစ်မှာတော့ လာမယ့် အောက်တိုဘာလမှ လိဂ်က ပြန်စမှာ ဖြစ်ပြီး ခြေစမ်းပွဲတွေ စတင်ကစားနေပြီလည်း ဖြစ်ပါတယ်။
Photo - BR
"ကျွန်တော့် ခန္ဓာကိုယ် ဘယ်လောက်ထိ ကြံ့ခိုင်မလဲဆိုတာ မသိပါဘူး။ကျွန်တော့်ကိုယ် ကျွန်တော်အမြဲတမ်း အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ဆောင်နေပါတယ်။" လို့ အသက် ၃၂ နှစ်အရွယ် ဘော့စ်က ပြောပါတယ်။
အခုကစားခဲ့တဲ့ ပွဲစဉ်မှာတော့တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီး ဘော့စ်အနေနဲ့ လူစားဝင်ကစားသမားအဖြစ် ကစားခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစား သမားဘဝကို စတင်လိုက်တာ ဖြစ်ပါတယ်။
Share