• ပြီးခဲ့တဲ့ဘောလုံးရာသီ ယူရိုပါလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ဂရစ်မန်းဇ်ဆွတ်ခူး

၃၈၈ မှတ်အထိ ရရှိခဲ့တာပါ။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး အန်တိုနီယိုဂရစ်မန်းဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂရစ်မန်းဇ်ဟာ မာဆေးလ်အသင်းနဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

image
 

ယူရိုပါလိဂ်ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဂရစ်မန်းဇ်ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဆင့် မဲခွဲမှုအခမ်းအနားမှာ အဆိုပါဆုကို ရရှိခဲ့တယ်လို့ တရားဝင်ကြေငြာခြင်း ခံခဲ့ရပါတယ်။ ဒီမဲခွဲမှုမှာတော့ အက်သလက်တီကိုအသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲ ဝင်ရောက်ကစားခွင့် ရရှိထားတာကြောင့် ပါဝင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

image
 

ဒီဆုအတွက် အက်သလက်တီကိုနောက်ခံလူ ဂိုဒင် နဲ့ မာဆေးလ်ကွင်းလယ်လူ ပါယက်တို့က ဂရစ်မန်းဇ်ကို အဓိက ခြိမ်းခြောက်ခဲ့ကြပါတယ်။ ဂိုဒင်ကတော့ အက်သလက်နောက်တန်းကို အကောင်းဆုံးဦးဆောင်ကစားနေခဲ့သူ ဖြစ်ပြီး ပါယက်ကလည်း မာဆေးလ်အသင်း ယူရိုပါလိဂ် ဗိုလ်လုပွဲတက်ရောက်ခဲ့ရာမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

 

မဲဆန္ဒပေးရွေးချယ်မှုမှာ ဂရစ်မန်းဇ်က ရမှတ်ပေါင်း (၃၈၈)မှတ်အထိ ရရှိခဲ့ပြီး ဒုတိယနေရာမှာတော့ ပါယက်က ရမှတ် (၁၀၃)မှတ်သာ ရရှိခဲ့ပါတယ်။ ဒါဟာ ဂရစ်မန်းဇ်အနေနဲ့ ပြိုင်ဘက်တွေကို သိသိသာသာ အသာစီးရယူနိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန်နဲ့ ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ တတိယနေရာမှာတော့ ရမှတ် (၈၄)မှတ်နဲ့ ဂိုဒင်က ရပ်တည်ခဲ့ပါတယ်။

ဒီဆုကို ရွေးချယ်ရာမှာတော့ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများမှ နည်းပြ (၄၈)ဦး၊ ဂျာနယ်လစ် (၅၅)ဦးတို့က ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်မယ့် ပုဂ္ဂိုလ်တွေကိုတော့ ဥရောပအားကစားမီဒီယာအုပ်စုက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ မီဒီယာဟာ UEFA ရဲ့ အဖွဲ့ဝင်တစ်ခုအဖြစ်လည်း ပါဝင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က