• ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ဖလားယူဖို့ကိစ္စကို မက်ဆီ လက်လျှော့အရှုံးပေးလိုက်ပြီဖြစ်

အသင်းရဲ့အခြေအနေကို မက်ဆီ သဘောပေါက်သွားတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား မက်ဆီဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းနဲ့အတူတူဆက်ရှိနေမှာဖြစ်ပေမယ့် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ အိပ်မက်ကိုတော့ လက်လျှော့လိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ မဖြစ်နိုင်ဘူးဆိုတာကို ဒီရာသီမှာတင် ပြီးခဲ့တဲ့မတ်လက သဘောပေါက်သွားခဲ့တယ်လို့ သိရပါတယ်။

image

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်အဖြစ် အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယအကျော့ အဝေးကွင်းမှာလည်း ပီအက်စ်ဂျီက အမ်ဘာပေရဲ့ဂိုးနဲ့ ထပ်မံဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘန်ဇီမာရဲ့ဟက်ထရစ်ကို ခွင့်ပြုလိုက်ရပြီး ရှုံးပွဲကြုံခဲ့ပါတယ်။



အဲ့ဒါကြောင့် ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၃-၂ ဂိုးရလဒ်နဲ့ ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ဒီလိုမျိုး ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့နောက် ပီအက်စ်ဂျီပရိသတ်တွေဟာ မက်ဆီနဲ့နေမာကို ပစ်မှတ်ထား လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မက်ဆီအနေနဲ့ လက်ရှိအသင်းမှာ ရုန်းကန်နေရတာကြောင့်လည်း လာမယ့်နွေရာသီမှာ အသင်းကနေ ပြန်လည်ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တုန်းက ကစားသမားရော၊ အသင်းဘက်ကပါ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မွန်ဒိုသတင်းစာရဲ့ဖော်ပြချက်အရ မက်ဆီဟာ အသင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်ရာသီအထိ ဆက်ရှိမယ်ဆိုပေမယ့် ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ ရည်ရွယ်ထားတဲ့ သူ့ရဲ့မျှော်လင့်ချက်အိပ်မက်တွေကတော့ ပျက်စီး ပျောက်ကွယ်သွားပြီလို့ သိရပါတယ်။ မက်ဆီဟာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား (၄) ကြိမ် ဆွတ်ခူးနိုင်ခဲ့သူပါ။

မက်ဆီရဲ့ ခေတ်ပြိုင် ကစားသမား ရော်နယ်ဒိုက ချန်ပီယံလိဂ်ဖလား (၅) ကြိမ် ဆွတ်ခူးထားတာကြောင့် မက်ဆီက ဒီမှတ်တမ်းကို အမှီလိုက်နိုင်ဖို့ ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ့် ပီအက်စ်ဂျီနဲ့တော့ ဒီလိုမျိုး သူ့ရဲ့အိပ်မက်တွေ မပြည့်ဝနိုင်ဘူးဆိုတာကို မက်ဆီတယောက် အပြည့်အဝလက်ခံလိုက်ပြီလို့ဆိုရမှာဖြစ်ပါတယ်။  

Share

Loading Next Article...
က္က