• ပင်နယ်တီကို မိုးပေါ်ထောင်ကန်ပြီးနောက်ပိုင်း လက်ရွေးစင်ကနေအနားယူဖို့ ဆာလာစဥ်းစားနေပုံရ

အီဂျစ်နဲ့ဆက်ရှိဖို့ မသေချာတဲ့အကြောင်း ဆာလာကပြောခဲ့တာပါ။

အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ လက်ရှိအချိန်မှာ သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝကို အနားယူဖို့ စဥ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အီဂျစ်ဟာ ပြီးခဲ့တဲ့ အင်္ဂါညက ဆီနီဂေါကို ရှုံးနိမ့်ကာ ကာတာကမ္ဘာ့ဖလားနဲ့ လွဲချော်ရတော့မှာပါ။

image

ဒီပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်အထိ ခံယူခဲ့ရပြီး ဆာလာကလည်း ပင်နယ်တီကို မိုးပေါ်ထောင်ကန်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဆီနီဂေါက အီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ် ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း ဆာလာတယောက် ဆီနီဂေါ ပရိသတ်တွေရဲ့ ရန်ပြုနှောင့်ယှက်တာကို ခံရလို့ လုံခြုံရေးအကာအကွယ်တွေနဲ့ ကွင်းထဲက ထွက်ခဲ့ရပါတယ်။

image

အဲ့ဒီနောက်မှာ ဆာလာက “ဆီနီဂေါနဲ့ပွဲ ဒုတိယအကျော့မတိုင်ခင်က မင်းတို့နဲ့ အတူတွဲကစားရတာကို ဂုဏ်ယူတဲ့အကြောင်း ငါပြောခဲ့ပါတယ်။ ငါနဲ့အတူ ကစားဖူးတဲ့အထဲမှာ မင်းတို့ကလည်း ရည်ရွယ်ချက်ကြီးမားတဲ့ ကစားသမားအချို့အဖြစ် ပါဝင်ပါတယ်။ အရင်မျိုးဆက်တွေနဲ့ ကစားခဲ့ဖူးသလို အခု နောက်မျိုးဆက် ကစားသမားတွေနဲ့လည်း ကစားဖူးပါတယ်”

“ငါပြောနိုင်တာ တခုက ငါ့အနေနဲ့ လက်ရှိမျိုးဆက်နဲ့ ပတ်သက်လို့ ပျော်ရွှင်တယ်ဆိုတာပါပဲ။ မင်းတို့နဲ့ ကစားရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဖြစ်ပျက်ခဲ့တာတွေက ဘာမှမတတ်နိုင်ပါဘူး။ ဒါက ပင်နယ်တီအဆုံးအဖြတ်မို့လို့ပါ။ ငါပြောနိုင်တာ အများကြီးမရှိပါဘူး”

“ဒါပေမယ့် မင်းတို့နဲ့ တွဲကစားခွင့်ရတာက ငါ့ဘဝအတွက် အခွင့်ထူးခံပါပဲ။ ငါ ဒီမှာ ဆက်ရှိမလား ဒါမှမဟုတ် နောက်ပိုင်းကျ မရှိတော့ဘူးလားဆိုတာတော့ ငါမပြောနိုင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ အီဂျစ် အားကစားဝန်ကြီး အာရှပ်ဖ်ဆော့ဘ်ဟီကတော့ “ဆာလာ မင်းဒီမှာ ဆက်နေရလိမ့်မယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် အခု ဆာလာပြောခဲ့တဲ့ စကားတွေကြောင့် သူ့အနေနဲ့ မကြာခင်မှာပဲ အီဂျစ်လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားနိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းသုံးသပ်လျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က