• ပင်နယ်တီမကန်ခင်တည်းက အောင်ပွဲခံနေတဲ့ဗီနီရှပ်စ်ကို မျက်နှာပူအောင်လုပ်ခဲ့တဲ့ ဘန်ဇီမာ

ဘန်ဇီမာက ပင်နယ်တီလွဲခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အိုဆာဆူနာတို့ရဲ့ စပိန်လာလီဂါပွဲစဥ်မှာတော့ တဖက်တဂိုးစီ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ဗီနီရှပ်စ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ ကိကီက အိုဆာဆူနာအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်တို့ အနိုင်ရဖို့ အကောင်းဆုံး အခွင့်အရေးရရှိခဲ့ပါတယ်။

image

ပွဲပြီးခါနီးမှာ ရီးရဲလ်မက်ဒရစ်တို့ ပင်နယ်တီရရှိခဲ့တာဖြစ်ပြီး ဒီပင်နယ်တီကိုတော့ ဘန်ဇီမာက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒဏ်ရာက ပြန်လည်သက်သာလာပြီး ဒီပွဲမှာ ပါဝင်ခဲ့တဲ့ ဘန်ဇီမာက ဒီပင်နယ်တီကို ကန်သွင်းတဲ့နေရာမှာ ဂိုးဘားတန်းထိထွက်အောင် ကန်လိုက်မိတာကြောင့် ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီရာသီ ပြိုင်ပွဲစုံမှာ နိုင်ပွဲဆက်နေတဲ့စံချိန်ကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။


ပရိသတ်တွေအတွက် ပြောစရာဖြစ်ခဲ့တာကတော့ ဘန်ဇီမာ ပင်နယ်တီမကန်ခင်တည်းက လက်မြှောက်အောင်ပွဲခံဖို့ စိုင်းပြင်းနေတဲ့ ဗီနီရှပ်စ်ရဲ့အဖြစ်ပဲဖြစ်ပါတယ်။ ဗီနီရှပ်စ်က သူ့ရဲ့ စီနီယာအသင်းဖော်ကြီးကို အပြည့်အဝ ယုံကြည်ထားပုံရပြီး ပင်နယ်တီကန်ဖို့ နေရာယူနေရချိန်မှာပဲ လက်မြှောက်ပြီး အောင်ပွဲခံဖို့ ပြင်ဆင်နေခဲ့တာပါ။ ဒါပေမယ့် သူ့အတွက်လည်း စိတ်ပျက်စရာနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။


ဘန်ဇီမာရဲ့ပင်နယ်တီ ဘားတန်းထိထွက်သွားတဲ့နောက် ဗီနီရှပ်စ်က သူ့မျက်နှာကို လက်နဲ့အုပ်ပြီး စိတ်ပျက်နေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ကျန်ပွဲကစားချိန်တွေမှာလည်း တယောက်အသာနဲ့ ကစားခွင့်ရပေမယ့် အနိုင်ဂိုးမသွင်းနိုင်တော့ဘဲ အမှတ်ပေးဇယားဦးဆောင်ခွင့်ကိုပါ ဘာစီလိုနာထံ လွှဲပြောင်းပေးလိုက်ရပါတယ်။

ဘန်ဇီမာအတွက်ကတော့ အိုဆာဆူနာက ပင်နယ်တီကျိန်စာသင့်နေတဲ့အသင်းလို့ဆိုရမှာပါ။ ဒီ (၂၀၂၂) ဧပြီ အတွင်းမှာပဲ ဘန်ဇီမာတို့ အိုဆာဆူနာနဲ့ ရင်ဆိုင်ခဲ့ရတုန်းက တပွဲတည်း ပင်နယ်တီနှစ်ကြိမ်လွဲချော်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် အဲ့ဒီပွဲမှာတော့ ရီးရဲလ်မက်ဒရစ်က ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အခုပွဲမှာတော့ နိုင်ပွဲဆက်စံချိန် ရပ်တန့်သွားခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က