• ''ပြဿနာ'' ရုပ်ရှင်ထဲကသီချင်းအတွက် လုပ်ဖော်ကိုင်ဖက်တွေကို တောင်းပန်လိုက်တဲ့ ကြက်ဖ

ကျွန်တော် တစ်ယောက်တည်းရဲ့ အမှားပါ။

ကြက်ဖက ‘’ပြဿနာ’’ ရုပ်ရှင်ကားကြီးထဲက ဇာတ်ဝင်တေးကို ကိုးကားပြီးရေးခဲ့တဲ့ သီချင်းရဲ့ သံစဉ်နဲ့ ပုံစံတူဖြစ်သွားတဲ့အပေါ် တောင်းပန်စကားဆိုခဲ့ပါတယ်။ ဒါကလည်း သူတစ်ယောက်တည်းရဲ့ အမှားသာဖြစ်တယ်လို့ ဆိုပါတယ်။

image

အဆိုတော် ကြက်ဖဟာ လက်ရှိရုံတင်ပြသနေတဲ့ ပြဿနာရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်တေးသီချင်းကို သူကိုယ်တိုင်ရေးသားခဲ့တာပါတဲ့။ ဒီ သီချင်းဟာ ကိုယ်တိုင် ကိုးကားရေးခဲ့တဲ့ သီချင်းသံစဉ်နဲ့ ထပ်တူကျသွားတဲ့အပေါ် သူ့ရဲ့ အမှားတွေကို ဝန်ခံပြောပြခဲ့ပါတယ်။

‘’ မေလ ၉ ရက်နေ့မှာရုံတင်သွားတဲ့ ပြဿနာရုပ်ရှင်ဇာတ်ကားကြီးမှာပါတဲ့ ဇာတ်ဝင်တေးသီချင်းပေါ့နော်။ သီချင်းစအပ်တော့ ကျွန်တော်တို့ကို ဒီလိုပုံစံလေး လိုချင်တယ်ဆိုပြီးတော့ ကိုးကားဖို့ သဘောလေးပြလိုက်တာပေါ့။ ကျွန်တော် နားထောင်ရင်းနဲ့ နားစွဲသွားတယ်။ အဲဒီအခါမှာ သီချင်းရေးလိုက်တဲ့အခါကျတော့ ကိုးကားဖို့ပေးထားတဲ့ သီချင်းနဲ့ တူနေတယ်ပေ့ါနော်။ မသိလိုက်ဘူး။ ကျွန်တော်နဲ့ ဒဿနဲ့ရေးတဲ့အခါမှာ ဒီအပိုဒ်ကတော့ ကျွန်တော်ရေးလိုက်တာ ရေးပြီးပြီးချင်းရော၊ အသံသွင်းတဲ့အချိန်မှာရော၊ ဆိုတဲ့သူရော၊ အပ်တဲ့သူရော သတိမထားမိလိုက်ဘူး။ အားလုံး ရိုက်ပြီးသွားပြီဆိုတော့မှ သတိထားမိလိုက်တော့ ဟာ သွားပြီပေါ့။ ပြန်ပြင်လို့ကလည်း မရတော့ဘူး’’လို့ ဆိုပါတယ်။

Photo: ပြဿနာ

အဲဒီနောက် ဒီလို ရေးသားခဲ့တာက အမှားတစ်ခုဖြစ်တာကြောင့် ကြက်ဖကိုယ်တိုင်က ပရိသတ်တွေရော၊ လုပ်ဖော်ကိုင်ဖက်တွေကိုပါ တောင်းပန်စကားပြောပြခဲ့ပါတယ်။

‘’တကယ်တော့ အဲဒါ ကျွန်တော်ရေးလိုက်မိတာပါ။ ဒီ Follow ဒီ သံစဉ်ကို ကျွန်တော် တမင်ရေးလိုက်တာ မဟုတ်ပါဘူး။ ကျွန်တော့် နားထဲမှာ လွှမ်းမိုးနေပြီး မသိစိတ်က ရေးလိုက်မိတော့ တူသွားတာပါ။ တကယ်တော့ ကျွန်တော့်အမှားပါ။ ကျွန်တော် ညံ့လို့ပါ။ အဲဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်။ ဒီအမှားကလည်း ကျွန်တော်တစ်ယောက်တည်းပဲ ဆိုင်တာပါ။ ပရိသတ်တွေရော၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကိုရော ကျွန်တော့်အတွက်နဲ့ စိတ်အနှောက်အယှက်ဖြစ်ရတဲ့သူတွေအားလုံးကိုတောင်းပန်ပါတယ်။ နောက်မဖြစ်စေရပါဘူး။ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ’’ ဆိုပြီးတော့ မေလ ၁၀ရက်နေ့ မနက် ၉ နာရီ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဗီဒီယိုဖိုင်တင်ရင်း ပြောခဲ့တာဖြစ်ပါတယ်။

Photo: Thant Zaw

ပြဿနာရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်တေးရဲ့ နာမည်ကလည်း ‘’ပြဿနာ’’ ပဲဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ သရုပ်ဆောင် နေတိုးနဲ့ ဇာဂနာတို့က ကိုယ်တိုင်သီဆိုထားကြတာပါ။ ဒီရုပ်ရှင်ဇာတ်ကားကို မေလ ၉ ရက်နေ့က စပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အချစ်ဟာသ ဇာတ်ကားလေး တစ်ကားပါ။ 

Photo: Thant Zaw

အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်လာတဲ့ ကြက်ဖဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင် ထားတာကို တွေ့ရပါ တယ်။ အဲ့ဒီနောက် ပရိသတ်အတွက် သီချင်းအသစ်တွေကိုလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။ သူဟာ ဇာတ်ဝင်တေး သီချင်းတွေကိုလည်း အခါအခွင့်သင့်ရင် ရေးပေးဖြစ်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ငဒူ ရုပ်ရှင်ဇာတ်ကား၊ ပြဿနာရုပ်ရှင်ဇာတ်ကား ထဲက ဇာတ်ဝင်တေးသီချင်းတွေကိုတော့ ကြက်ဖ ကိုယ်တိုင် ရေးသားခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က