ပိုင်ဖြိုးသုက လွန်ခဲ့တဲ့ ၄ နှစ်က ရိုက်ကူးထားတဲ့ ‘’ပန်းဒေါင်း’’ရုပ်ရှင်ကားကြီး ရုံပေါ်အမြန်ဆုံးရောက်ဖို့ မျှော်လင့်နေတာ တွေ့ရပါတယ်။ ဒီဇာတ်ကားလေးမှာတော့ သူမအတွက် မမေ့နိုင်စရာ အမှတ်တရ တွေရှိခဲ့ပါတယ်တဲ့။

Photo: ပိုင်ဖြိုးသု
ပိုင်ဖြိုးသုဟာ ကလောမြို့လေးမှာ ရိုက်ကူးခဲ့တဲ့ ‘’ပန်းဒေါင်း’’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်က အမှတ်တရတွေ ပြောပြလာပါတယ်။ ရိုက်ကူးရေးလည်းလုပ်၊ ကိုယ်တိုင်ကလည်း တောင်ပေါ်ကျေးရွာလေးရဲ့ ပတ်ဝန်းကျင်အခြေအနေကို လေ့လာခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
‘’ပန်းဒေါင်း ရုပ်ရှင်မရိုက်ခင် ပန်းဒေါင်းက မခင်နှင်းကြည်သာတို့ရဲ့ ပရဟိတလုပ်ငန်းတွေကို အခြေခံပြီးဆရာရဲက ရေးခဲ့တဲ့စာအုပ်မို့လို့ အမနဲ့တောင်ပေါ်တဲတိုက်တွေထိလိုက်ချင်တယ်လို့ ဆရာရဲနဲ့ အမခင်နှင်းကြည်သာကို ဇွတ်ဂျီကျြ ပီး လိုက်လေ့လာခဲ့တာလေး။ တောင်ပေါ်လမ်းက ကားလမ်းမပေါက်ဆိုင်ကယ်နဲ့ မနည်းတက်ရတာမို့ အမက မလိုက်စေချင်တာ။ အမေမတားအောင် ဆရာရဲက သူ့သမီးကို သူပါလိုက်စောင့်ရှောက်ပေးရင်း တောင်ပေါ်က ကလေးတွေ ဆေးကုပေးမယ်ဆိုပြီး လိုက်လာပေးခဲ့တာ’’ လို့ သူကဆိုပါတယ်။
Photo: ပိုင်ဖြိုးသု
အဲဒီနောက် ပိုင်ဖြိုးသုက သူမအတွက် အမှတ်တရတွေအများကြီး ရှိခဲ့တဲ့ ပန်းဒေါင်းရုပ်ရှင်ကားလေးကို မျှော်လင့်နေပြီလို့ ဆိုပါတယ်။
‘’တောင်ပေါ်မှာ ဆရာနဲ့ကလေးအထူးကု အမမသက်ထားတို့ ဆေးကုပေးတာကိုလည်းကူရင်း ရုပ်ရှင်ဇာတ်ကောင်စရိုက်အတွက်ပါ လိုက်လေ့လာဖြစ်ခဲ့တဲ့ခရီးစဉ် အခုတော့ ရုပ်ရှင်လည်းရိုက်ပြီးသွားတာ ၄နှစ်ရှိသွားပြီ။ ရုံပေါ်ရောက်မလာသေး မျှော်ရတာလည်းမောလှပါပြီ’’ ဆိုပြီးတော့ ဧပြီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: ပိုင်ဖြိုးသု
ပန်းဒေါင်း ရုပ်ရှင်ကားကြီးကို ၂၀၁၆ ခုနှစ် ဇွန်လအတွင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို သရုပ်ဆောင် အကယ်ဒမီလူမင်းက ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တာပါ။ လူမင်း၊ ဇင်ဝိုင်း၊ ကျော်ကျော်၊ သတ္တိ၊ ပိုင်ဖြိုးသု၊ သင်ဇာမြင့်မိုရ်နဲ့ ချမ်းမေမြတ်နိုးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပိုင်ဖြိုးသုကို ခင်နှင်းကြည်သာဆိုတဲ့ ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။
Photo: ပိုင်ဖြိုးသု
ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။
အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။