• ပူတင်ကြောင့် ပြည်သူပိုင်သိမ်းခံရမယ့်အရေးနဲ့ ချဲလ်ဆီးရင်ဆိုင်ရဖွယ်ရှိ

ချဲလ်ဆီးကတော့ ကြားထဲကနေ ဒုက္ခရောက်ဖွယ်ရှိနေတာပါ။

ဗြိတိန်က အမတ်တယောက်ဖြစ်တဲ့ ခရစ္စဘရိုင်ယန့်က အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး ရုရှားနဲ့ပတ်သက်နေတဲ့ ဒီပုဂ္ဂိုလ်ကို လိုအပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ လက်ရှိအချိန်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်နေပြီး အမေရိကန်၊ ဗြိတိန်တို့အပါအဝင် အနောက်အုပ်စုကတော့ ပူတင်ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူဖို့ ပြင်ဆင်နေပါတယ်။

image

ဒါ့အပြင် ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ကလည်း ရုရှားကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ပြောကြားထားခဲ့ပြီး ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ အနေအထားကလည်း စိုးရိမ်စရာဖြစ်နေပါတယ်။

image

အရင်တည်းက ဗြိတိန်နဲ့ရုရှားအကြား တင်းမာမှုတွေကြောင့် အေဘရာမိုဗစ်ချ်တယောက် ဘေးကျပ်နံကျပ်ဖြစ်ခဲ့ဖူးပြီး အခုချိန်မှာတော့ စစ်ပွဲပါဖြစ်ပွားနေတာကြောင့် အခြေအနေ တော်တော်ဆိုးရွားဖို့ ရှိနေပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ပူတင်နဲ့နီးစပ်တဲ့ စီးပွားရေးသမားတယောက်ဖြစ်ပြီး ပူတင်ရဲ့သြဇာအာဏာတည်မြဲဖို့နဲ့ အကျင့်ပျက်ခြစားမှုလုပ်ရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ ခရစ္စဘရိုင်ယန့်က “တရားမဝင်ငွေကြေးတွေနဲ့ ဆက်စပ်နေတဲ့ လူတယောက်ချင်းစီကို ဗြိတိန်ဒေသမှာ အခြေစိုက်နိုင်ခြင်းမရှိစေရန်၊ ဒါကို တားဆီးဖို့အတွက် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များနဲ့ ပူးတွဲဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း”

“အေဘရာမိုဗစ်ချ်အနေနဲ့ ဒီနိုင်ငံမှာ ဘောလုံးအသင်းတသင်းကို အခုထက်ပိုပြီး မပိုင်ဆိုင်သင့်တော့ကြောင်း၊ သူ့ရဲ့ ပေါင် (၁၂၅) သန်းတန် နေအိမ်အပါအဝင် ဗြိတိန်ဒေသတွင်းက သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းသင့်ကြောင်း၊ အဲ့ဒီနောက် သတ်မှတ်ချက်အဆင့်တစ်ရှိ ဗီဇာကိုကိုင်ဆောင်ထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဗြိတိန်မှာ ဒီလိုမဖွယ်မရာအရေးကိစ္စရပ်တွေကို မပြုလုပ်စေအောင် ဆောင်ရွက်သင့်ကြောင်း” တို့ကို ဆွေးနွေးတောင်းဆိုခဲ့ပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ အေဘရာမိုဗစ်ချ်ကို ဗြိတိန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က နိုင်ငံအတွင်းမှာ အခြေချခွင့်မပေးတော့ဘူးလို့ သိရှိရပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ဗြိတိန်မှာ အခြေချဖို့အတွက် အမြဲတမ်းကြိုးစားခဲ့ပြီး ပြီးခဲ့တဲ့ (၂၀၁၈) မှာ ရင်းနှီးမြှုပ်နှံသူတွေကို ထုတ်ပေးတဲ့ အဆင့်တစ် ဗီဇာကိုရရှိခဲ့ပေမယ့် အမြဲတမ်းနေထိုင်ခွင့်အတွက် လျှောက်ထားမှုကတော့ အခုချိန်ထိ ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က