• ပရီးမီးယားလိဂ်ပွဲမှာ ဂိုးတိုင်နဲ့လည်ပင်းကို ကြိုးနဲ့ချည်တုပ်ပြီး ဆန္ဒဝင်ပြခဲ့တဲ့ပရိသတ်

လုံခြုံရေးတွေလည်း တော်တော်အလုပ်ရှုပ်ပြီး ခဲရာခဲဆစ် ဖြုတ်ယူခဲ့ရပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့နယူးကာဆယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ပရိသတ်တယောက်က ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ကာ ဂိုးတိုင်နဲ့သူ့ရဲ့လည်ပင်းကို ကြိုးနဲ့ချည်ပြီး ဆန္ဒပြခဲ့တာကြောင့် ပွဲကို (၁၄) မိနစ်ခန့် ရပ်နားထားခဲ့ရပါတယ်။ ဒီပရိသတ်ဟာ “Just Stop Oil” ဆိုတဲ့ စာသားပါ တီရှပ်ကို ဝတ်ဆင်ပြီး အခုလိုပဲ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

image

Just Stop Oil ကမ်ပိန်းလှုပ်ရှားမှုကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့ကြပြီး အာဆင်နယ်ကွင်းမှာ လီဗာပူးတို့ နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ပရိသတ်တယောက်က ဂိုးတိုင်နဲ့သူ့ရဲ့လက်ကို ချည်တုပ်ဆန္ဒပြဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒီလှုပ်ရှားမှုဟာ မြောက်ပင်လယ်မှာရှိတဲ့ ရေနံမြေအသစ်တွေကို တူးဖော်ဖို့ ထောက်ပံ့နေတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခုလည်းဖြစ်ပါတယ်။

image

တွစ်တာအသုံးပြုသူတယောက်က “အစိုးရက ငါတို့ကို သစ္စာဖောက်နေပါတယ်။ ဒီလိုမျိုး ရေနံမြေသစ်တွေက ကလေးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးနိုင်ပြီး ကျွန်းနိုင်ငံငယ်လေးတွေမှာ စစ်ပွဲဖြစ်လာစေနိုင်ပါတယ်။ နောက်ပြီးတော့ နေရာအနှံ့မှာ အဆင်းရဲဆုံးဖြတ်သန်းနေရတဲ့သူတွေအတွက် မဖြစ်နိုင်ပါဘူး။ ဒီလို ဦးနှောက်မရှိတဲ့လုပ်ရပ်ကို သေချာပေါက် ရပ်တန့်ရပါမယ်” လို့ ရေးသားခဲ့ပါတယ်။

အဲဗာတန်နဲ့နယူးကာဆယ်ပွဲမှာ အခုလိုပဲ ဆန္ဒပြခဲ့တဲ့ ပရိသတ်ရဲ့လည်ပင်းနဲ့ဂိုးတိုင်ကို ချည်တုပ်ထားတဲ့အရာကို လုံခြုံရေးတွေက ပစ္စည်းကိရိယာအကူအညီတွေနဲ့ပါ ခက်ခက်ခဲခဲ ဖြုတ်ယူခဲ့ရပြီးနောက် အဆိုပါပရိသတ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီပွဲမှာတော့ အဲဗာတန်က အယ်လန်အထုတ်ခံခဲ့ရပေမယ့် အီဝိုဘီရဲ့ နောက်ကျအနိုင်ဂိုးကြောင့် အဲဗာတန်တို့ ခြေစွာနေတဲ့ နယူးကာဆယ်ကို အနိုင်ရရှိခဲ့ပြီး တန်းဆင်းဇုန်တိုက်ပွဲအတွက် အဲဗာတန်တို့ အကောင်းဆုံး ရုန်းကန်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က