• ပရိသတ်တွေသေလောက်အောင် မုန်းတာခံရလည်း မီလန်တက်တူးကို ထာဝရရေးထိုးမယ့် ဒွန်နာရမ်မာ

ဒွန်နာရမ်မာကတော့ အေစီမီလန်ကို ဘယ်လောက်ချစ်လဲ သက်သေပြခဲ့ပါတယ်။

PSG နဲ့ အီတလီလက်ရွေးစင် ဂိုးသမား ဒွန်နာရမ်မာဟာ အီတလီပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို အကြီးအကျယ်ခံစားခဲ့ရသည့်တိုင် အေစီမီလန်လိုဂို တက်တူးကို လက်မှာ ထာဝရရေးထိုးသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရှိရပါတယ်။

image

ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ အေစီမီလန်ကနေ PSG ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ အေစီမီလန်ငယ်မွေးခြံပေါက်ဖြစ်တဲ့ ဒီဂိုးသမားဟာ အသင်းနဲ့ စာချုပ်သစ်ကိစ္စအဆင်မပြေဘဲ အခုလိုအသင်းပြောင်းခဲ့ရတာဖြစ်ပြီး အီတလီမြေမှာ ကျန်ရစ်ခဲ့တဲ့ ပရိသတ်တွေကတော့ သူ့ကိုငွေမက်သူတစ်ယောက်အဖြစ် စွပ်စွဲနေပါတယ်။

image

ဒါပေမယ့်လည်း ဒွန်နာရမ်မာကတော့ သူ့လက်မှာယာယီရေးထိုးထားတဲ့ အေစီမီလန် လိုဂိုတက်တူးကို ထာဝရတည်မြဲနေအောင် ရေးထိုးသွားဖို့ ဆုံးဖြတ်ခဲ့ပြီး ဒါနဲ့ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဒွန်နာရမ်မာက “ကျွန်တော့်တက်တူးကို ပဲရစ်ရောက်သွားလည်း လက်မှာထာဝရတည်ရှိနေအောင် ရေးထိုးသွားမှာပါ”

“ကျွန်တော် အေစီမီလန်ပရိသတ်တွေကို အမြဲတမ်းချစ်မြတ်နိုးပြီး အေစီမီလန်က ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်းရှိနေပါတယ်။ လှောင်ပြောင်သံတွေကြားရတော့ စိတ်ပျက်ရပါတယ်။ မီလန်မြို့မှာ ကျွန်တော် (၈) နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ဆန်စီရိုကိုပြန်လာရင်လည်း ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာဖြစ်နေဦးမှာပါ”

“ကျွန်တော် အဲ့ဒီနေရာမှာပဲ အရွယ်ရောက်ခဲ့ပြီး အေစီမီလန်ပရိသတ်တစ်ယောက်အဖြစ်ရှိနေဆဲပါ။ (၈) နှစ်ဆိုတဲ့ အချိန်ကာလကို ဒီလိုမျိုးမမေ့လိုက်သင့်ပါဘူး။ နောက်တစ်ကြိမ်မှာ ပိုမိုကောင်းမွန်တဲ့ကြိုဆိုမှုမျိုးကို ကျွန်တော် မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒွန်နာရမ်မာဟာ စပိန်နဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ် အိမ်ကွင်းပွဲစဥ်မှာ အိမ်ရှင်အီတလီပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ အကြီးအကျယ်ရင်ဆိုင်ခဲ့ရတာပါ။ သူဘောလုံးထိတဲ့အချိန်တိုင်း ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပြီး အဲ့ဒီပွဲရဲ့ ပထမပိုင်းပြီးချိန်မှာ ဒွန်နာရမ်မာတစ်ယောက် စိတ်ထိခိုက်နေပုံကိုလည်း ရုပ်သံမှတ်တမ်းတွေက အမိအရဖော်ပြခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က