• Featured

    ဆာလာအတွက် ပြောင်းရွှေ့ကြေးအပြင် ဟာဇက်နဲ့အလိုက်ပေးကမ်းလှမ်းဖို့ ရီးရဲယ်ပြင်ဆင်နေ

ရီးရဲယ်မက်ဒရစ်တို့ ဆာလာကို စောင့်ကြည့်နေတာပါ။

ရီးရဲယ်မက်ဒရစ်ဟာ လီဗာပူးအတွက် အထူးခြေစွမ်းပြကစားနေတဲ့ မိုဟာမက်ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆာလာက လီဗာပူးအတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး လတ်တလောအတွက်တော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ နည်းပြယာဂင်ကလော့ပ်၊ လီဗာပူးဂန္တဝင် ကာရေဂါတို့အပြင် တစ်ကမ္ဘာလုံးက ချီးကျူးသံတွေထွက်ပေါ်နေတာပါ။

image

ရီးရဲယ်မက်ဒရစ်ဟာ ဆာလာကို ကာလရှည်ကြာ စိတ်ဝင်စားခဲ့တဲ့အသင်းတစ်သင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆာလာကို စာချုပ်သစ်ချုပ်ဆိုဖို့ မအောင်မြင်သေးတဲ့ လီဗာပူးရဲ့ အနေအထားကို စောင့်ကြည့်နေပြီလို့ သတင်းထောက် အက်ခရင်ကိုနာက ဖော်ပြလာပါတယ်။ လီဗာပူးနဲ့ ဆာလာတို့အကြား စာချုပ်သက်တမ်းက (၂၀၂၃) မှာ ကုန်ဆုံးမှာပါ။

image

လီဗာပူးအနေနဲ့ ဒီကစားသမားကို စာချုပ်သစ်ချုပ်ဖို့ ဒီဘောလုံးရာသီမစခင်တည်းက ကြိုးစားနေပေမယ့် လစာငွေညှိနှိုင်းရခက်နေတာကြောင့် လက်ရှိအချိန်အထိ စာချုပ်သစ်ချုပ်ဆိုရခြင်းမရှိသေးပါဘူး။ ဆာလာနဲ့ သူ့ရဲ့အေးဂျင့်တို့က ပရီးမီးယားလိဂ်ရဲ့စံချိန်တင်လုပ်ခတွေထဲက တစ်ခုဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် (၃၈၅,၀၀၀) အထိ တောင်းဆိုနေပြီး လီဗာပူးကတော့ ဒီအပေါ်မှာ လိုက်လျောပေးဖို့ လက်တွန့်နေဆဲပါ။

မနေ့က ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ဆာလာက လှပတဲ့သွင်းဂိုးတစ်ဂိုးကို တစ်ကိုယ်တော်အရည်အချင်းနဲ့ သွင်းယူနိုင်ခဲ့တဲ့နောက် ကစားသမားရဲ့အေးဂျင့်က တစ်ပတ်လုပ်ခ ပေါင် (၅) သိန်းအထိ တောင်းဆိုဖို့ ဆန္ဒရှိနေပါတယ်။ လီဗာပူးဟာ ကစားသမားတွေကို လစာငွေထိန်းချုပ်ထားပြီး ဆာလာကို ဒီလိုမျိုးစံချိန်တင်လစာငွေ ပေးချေလိုက်မယ်ဆိုရင် အခြားကစားသမားတွေအပေါ် ထိန်းသိမ်းရခက်သွားမှာကို စိုးရိမ်နေပါတယ်။

အဲ့ဒါကြောင့်လည်း ရီးရဲယ်မက်ဒရစ်က ဒီအနေအထားကို အခွင့်ကောင်းယူပြီး ပြောင်းရွှေ့ကြေးအပြင် ဟာဇက်နဲ့ပါ အလိုက်ပေးကမ်းလှမ်းဖို့ စောင့်ကြည့်နေပြီလို့ သတင်းထွက်ပေါ်လာတာပါ။ ရီးရဲယ်မက်ဒရစ်ဟာ ဆာလာအတွက် အနည်းဆုံး ယူရိုသန်း (၁၀၀) သုံးစွဲရမယ်ဆိုရင်တောင် နှမြောနေမှာမဟုတ်ဘဲ ကစားသမားပါ အလိုက်ပေးဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

လီဗာပူးအနေနဲ့ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ဖြစ်လာတဲ့ ဆာလာကို အသင်းမှာမဖြစ်မနေ ထိန်းသိမ်းထားသင့်ပြီး ဆာလာအလိုရှိနေတဲ့ လစာငွေကိုလည်း ပေးချေသင့်တယ်လို့ ရုပ်သံဝေဖန်သုံးသပ်သူတွေကဆိုထားပါတယ်။ အဲ့ဒါကြောင့် လီဗာပူးတို့ ဆာလာကို စိတ်ကြိုက်လစာပေးပြီး စာချုပ်ချုပ်မလား ဒါမှမဟုတ် လက်လွှတ်ခံသွားမလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က