• ဆာလာက မက်ဆီ၊ရော်နယ်ဒိုထက်ပိုကောင်းရင် တပတ်ပေါင် ၅သိန်းပေးလို့ အေးဂျင့်တောင်းဆို

ဆာလာရဲ့အေးဂျင့်က အင်္ဂလန်ကို ရောက်ရှိနေတာပါ။

ဆာလာရဲ့ အထင်ကြီးဖွယ်ရာစွမ်းဆောင်ရည်နောက်မှာတော့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ကိုလံဘီယာသားက လီဗာပူးလ်နဲ့ စာချုပ်သစ်ကိစ္စညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


လီဗာပူးလ်တိုက်စစ်မှူးမိုဟာမက်ဆာလာရဲ့ အေးဂျင့်ဖြစ်သူ ရမ်မီအက်ဘက်စ်ဟာ အင်္ဂလန်ကို စနေနေ့မနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး ဝက်ဖို့ဒ်နဲ့ လီဗာပူးလ်ပွဲစဉ်ကို ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ အီဂျစ်တိုက်စစ်မှူးကတော့ လီဗာပူးလ်အတွက် ခြေစွမ်းပြကစားခဲ့ကာ အရမ်းကောင်းမွန်တဲ့ပုံစံကို ပြသနိုင်ခဲ့ပြီး ဒိရာသီမှာ သူ့အတွက် ၁၀ ဂိုးမြောက်သွင်းဂိုးကို လှလှပပသွင်းယူနိုင်ခဲ့ပါတယ်။ 

image

ဆာလာရဲ့ အထင်ကြီးဖွယ်ရာစွမ်းဆောင်ရည်နောက်မှာတော့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ကိုလံဘီယာသားက လီဗာပူးလ်နဲ့ စာချုပ်သစ်ကိစ္စညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ကစားသမားကို တစ်ပတ်လုပ်ခပေါင်ငါးသိန်းအထိ ရရှိစေဖို့ ကြိုးစားပေးနေကြောင်းသိရပြီး ယာဂင်ကလော့ပ်ရဲ့ အားအထားရဆုံးကစားသမားကို ထိုက်တန်တဲ့ခံစားခွင့်ပေးချေရမယ်လို့ ယုံကြည်နေကြောင်းလည်း Daily Mail က ဆိုပါတယ်။ 

ကနဦးဆွေးနွေးမှုတွေကို ပြုလုပ်နိုင်ခဲ့ပြီလို့သိရပြီး လက်ရှိမှာ တစ်ပတ်လုပ်ခပေါင်နှစ်သိန်းသာ ဆာလာက ရရှိနေပြီး စာချုပ်သက်တမ်းကတော့ ၂၀၂၃ ခုနှစ်အထိ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာချုပ်သစ်မှာတော့ လစာ ၂ဆကျော်အထိ ရရှိဖို့ကို အေးဂျင့်ကအလိုရှိနေပြီး သက်ဆိုင်ရာလူတွေနဲ့ ဆွေးနွေးနေကာ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် ပိုကောင်းတယ်လို့ ကလော့ပ်ချီးကျူးခဲ့တဲ့နောက် ဆာလာကို မြင့်မားတဲ့လုပ်ခလစာ လီဗာပူးလ်ဘက်က ပေးသွားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ 

ဝက်ဖို့ဒ်နဲ့ပွဲအပြီးမှာ ကလော့ပ်က ချီးကျူးပြောဆိုခဲ့တာဖြစ်ပြီး ကမ္ဘာ့အဆင့်သွင်းဂိုးတွေကို သူ့ရဲ့တိုက်စစ်မှူးက သွင်းယူပြနေတာလို့လည်း ဆိုခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာ ဆာလာဂိုးသွင်းယူပြီးကတည်းက ကလော့ပ်က မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ ခိုင်းနှိုင်းချီးကျူးခဲ့တာဖြစ်ပြီး အီဂျစ်မက်ဆီလို့နာမည်ကြီးခဲ့တဲ့ ဆာလာကလည်း ပြိုင်ဘက်ခံစစ်ကစားသမားတွေကို တစ်ဦးပြီးတစ်ဦးကျော်ဖြတ်ပြကာ ဂိုးသွင်းယူပြနေခဲ့ပါတယ်။ 

"သူ့ရဲ့စွမ်းဆောင်ရည်က ဒီနေ့မှာ အရမ်းကြီးမားပါတယ်၊ အဖွင့်ဂိုးအတွက်လည်း လှလှပပပေးပို့နိုင်ခဲ့ပြီး ဒုတိယဂိုးကတော့ တကယ်ကိုထူးခြားပါတယ်၊ သူကထိပ်တန်းကစားသမားပါ၊ ဒါကိုအားလုံးတွေ့မှာပါ၊ သူ့ထက်ဘယ်သူက ပိုကောင်းနေလဲ? ရော်နယ်ဒို၊ မက်ဆီတို့ လွှမ်းမိုးခဲ့တာတွေကို ကျွန်တော်တို့ပြောဖို့မလိုအပ်တော့ပါဘူး၊ လက်ရှိမှာ ဆာလာက အကောင်းဆုံးပါ" လို့ ကလော့ပ်က ချီးကျူးခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က