• Snapdragon 8 Gen 1 SoC သုံး iQOO 9 နဲ့ 9 Pro တို့ တရားဝင်ကြေညာ

BMW M Stripes နဲ့ အထူးဗားရှင်းတစ်ခုလည်း ထွက်ထားပါတယ်။

Vivo ရဲ့ Flagship Brand ခွဲတစ်ခုဖြစ်တဲ့ iQOO ကနေ 120Hz Refresh Rate နဲ့ 120W Fast Charging သုံး ပရီမီယံဖုန်းနှစ်မျိုး ထွက်လာပါတယ်။ 

iQOO 9 နဲ့ 9 Pro နှစ်မျိုးဟာ Screen Size နဲ့ ဒီဇိုင်းချင်းတူပြီး ရိုးရိုးမော်ဒယ်ကတော့ Flat Screen နဲ့ လာပါတယ်။ ကျောဘက်မှာ အလျားလိုက် အပြည့်နီးပါး ဧရာမလေးထောင့်စတုဂံကင်မရာကွက်ပုံစံ သုံးထားပါတယ်။ iQOO 9 နဲ့ 9 Pro တို့နှစ်မျိုးစလုံးဟာ ကျောဘက်မှာ BMW M Stripes နဲ့ အထူးဗားရှင်းတစ်ခုလည်း ထွက်ထားပါတယ်။ 


image

Photo: Notebook Check

iQOO 9 ဟာ ၆.၇၈ လက်မ 1080p+ AMOLED panel နဲ့လာပြီး 120Hz Refresh Rate ၊ တောက်ပမှုအဆင့် အမြင့်ဆုံး 1500 nit အထိ ပါရှိမှာပါ။ ကျောဘက်မှာ Samsung ထုတ် OIS ရုပ်ငြိမ်စနစ်ပါ 50MP ISOCELL GN5 1/1.57 လက်မ ပင်မကင်မရာ ၊ ၁၂၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 13MP Ultrawide နဲ့ 12MP 2x Zoom Lens တို့ သုံးထားပါတယ်။ ရှေ့ ဆယ်လ်ဖီကင်မရာကတော့ 16MP Sensor နဲ့ လာပါတယ်။ 

ဖုန်းနှစ်မျိုးစလုံးဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် အမြင့်ဆုံး Snapdragon 8 Gen 1 Chipset သုံးထားပြီး 4700mAh ဘက်ထရီနဲ့ 120W Fast Charging ပါဝင်လာပါတယ်။ 120W Fast Charging ဟာ ဖုန်းအား သုညကနေ ၁၀၀% ရောက်ဖို့ ၁၉ မိနစ်ပဲ ကြာမယ်လို့ ဆိုပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ OriginOS Ocean စနစ်နဲ့ လာပါတယ်။ 

Photo: GSMArena


iQOO 9 Pro မှာ မှန်ခုံးအကွေးဒီဇိုင်းနဲ့လာပြီး 1440x3200p ရုပ်ထွက်ပါရှိပါတယ်။ 120Hz Refresh Rate သုံးတာချင်းအတူတူ LTPO 2.0 Panel ကြောင့် 1Hz ကနေ 120Hz ကို ချက်ချင်းပြောင်းပေးနိုင်မှာပါ။ Processor ၊ ရှေ့ကင်မရာ နဲ့ ကျောဘက် Main ကင်မရာ အပြောင်းအလဲ မရှိဘဲ Ultrawide Lens ဟာ ၁၅၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 50MP ဖြစ်လာသလို Tele ကိုလည်း 2.5x Optical Zoom ဆွဲရိုက်နိုင်မယ့် 16MP သုံးလာပါတယ်။ 

Pro မော်ဒယ်မှာ 50W Wireless Charging နဲ့ 10W Reverse Wireless Charging ပံ့ပိုးထားပြီး ကာလာ ၂ ရာင်နဲ့ ထွက်ပါတယ်။ ရိုးရိုး iQOO 9 (8/256GB) ဗားရှင်းကို ယွမ် ၄၀၀၀ (မြန်မာငွေ ၁၁ သိန်းခွဲ) ဈေးကနေ စတင် ရောင်းချသွားမှာပါ။ Pro မော်ဒယ် အနိမ့်ဆုံးဗားရှင်းကို ယွမ် ၅၀၀၀ (မြန်မာငွေ ၁၄ သိန်းကျော်) ဈေးနဲ့ စတင် ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က