မြန်မာငွေ ၁၂ သိန်းကျော် ဈေးတန်းနဲ့ လာတဲ့ iQOO ရဲ့ High-End ဖုန်းသစ်တွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
iQOO နဲ့ BMW M Motorsport ရဲ့ Brand ကာလာတွေကို ပေါင်းစပ်ထားတဲ့ ကျောဘက်သုံးရောင်ခြယ် Stripe စင်းဒီဇိုင်းသုံး iQOO 11 စီးရီးမှာ iQOO 11 နဲ့ iQOO 11 Pro တို့ ပါဝင်ပါတယ်။ အစွန်းထင်းအပေတေခံတဲ့ ဖိုက်ဘာမှန်နဲ့ Vegan Leather တို့ အသုံးပြုထားပြီး ဒီ coating ပိုင်းကို iQOO 11 Legend Edition လို့လည်း နာမည်ပေးထားပါတယ်။

Photo: GSMArena
iQOO 11 နဲ့ iQOO 11 Pro နှစ်မျိုးစလုံးမှာ တူညီတဲ့အချက်က 1440 x 3200px Samsung E6 AMOLED Display သုံး ၆.၇၈လက်မ မျက်နှာပြင်နဲ့ လာတာ ဖြစ်ပါတယ်။ Display အနေနဲ့ Pro မော်ဒယ်ဟာ Curved Glass မှန်နဲ့ လာပြီး iQOO 11 မှာတော့ ပိုပြီး သမရိုးကျဆန်တဲ့ 2.5D Curve ဒီဇိုင်းနဲ့ ထွက်ထားပါတယ်။အမြင့်ဆုံး Refresh Rate 144Hz အပြင် Display ဟာ 1B Colors နဲ့ HDR 10+ Support တွေလည်း ပါရှိပါတယ်။ ဂိမ်းစွမ်းဆောင်ရည်နဲ့ Frame Rate အမြင့်ပိုင်းအတွက် V2 Chip သစ်လည်း အသုံးပြုထားတယ်လို့ ဆိုပါတယ်။
ဖုန်းသစ်တွေဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် Snapdragon 8 Gen 2 Chipset သစ်နဲ့ လာပြီး RAM ပမာဏ 8GB , 12GB နဲ့ 16GB ဆိုပြီး ပါရှိပါတယ်။ Storage ပိုင်းမှာ လက်ရှိ UFS 3.1 ထက် ပိုပြီး မြန်ဆန်တဲ့ မျိုးဆက်သစ် UFS 4.0 သိုလှောင်မှုစနစ်ကို အသုံးပြုထားတာပါ။ ဖုန်းစွမ်းဆောင်ရည်အတွက် 8GB အထိ RAM ကို မြှင့်တင်နိုင်မယ့် Extended RAM 3.0 စနစမ်နဲ့ လာပါတယ်။ Gaming ပိုင်း အထူးပြုဖုန်းတွေ ဖြစ်တဲ့အတိုင်း ဖုန်းအပူထိန်းညှိဖို့ စတုရန်းမီလီမီတာ ၄၀၁၃ မီလီမီတာရှိတဲ့ စတိန်းလတ်စတီးခန်းပါ Vapor Champer အအေးပေးစနစ်လည်း တပ်ဆင်ထားပါတယ်။
Photo: GSMArena
iQOO 11 ကို 5000mAh ဘက်ထရီ ၊ 120W Fast Charging တွေနဲ့ သုံးထားပြီး Pro မော်ဒယ်မှာ 4700mAh ဘက်ထရီ ၊ 200W Fast Charging စနစ် ပေးထားပါတယ်။ Pro မော်ဒယ်မှာ နောက်ထပ် ထူးခြားတာက ရိုးရိုးဗားရှင်းမှာ မပါတဲ့ 50W Wireless Charging ထည့်ပေးထားတာပဲ ဖြစ်ပါတယ်။ iQOO 11 Pro ကို တရုတ်ဈေးကွက်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ ကစလို့ Pre-Order လက်ခံသွားမှာ ဖြစ်ပြီး 8/256GB ဗားရှင်းကို ၄၉၉၉ ယွမ် (မြန်မာငွေ ၁၆ သိန်းခွဲဝန်းကျင်) ၊ 12/256GB ဗားရှင်းကို ၅၄၉၉ ယွမ် (မြန်မာငွေ ၁၈ သိန်းဝန်းကျင်) နဲ့ အမြင့်ဆုံး 16/512GB ဗားရှင်းကို ၅၉၉၉ ယွမ် (မြန်မာငွေ ၁၉ သိန်းခွဲကျော်) ဈေးတွေ သတ်မှတ်ထားပါတယ်။
iQOO 11 ကိုတော့ Memory ဗားရှင်း ၅ မျိုးနဲ့ လာပြီး 8GB RAM + 128GB storage ကို ၃၇၉၉ ယွမ် (မြန်မာငွေ ၁၂ သိန်းခွဲ) ဈေးကနေ အမြင့်ဆုံး 16GB RAM + 512GB storage အတွက် ၄၉၉၉ ယွမ် (မြန်မာငွေ ၁၆ သိန်းခွဲဝန်းကျင်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။