• တောင်ကိုရီးယားမှာ Galaxy S22 စီးရီး pre-order မှာမှု ၁ သန်းကျော် ရှိလာ

၈ ရက်အတွင်း pre-order ၁.၂ သန်းရှိခဲ့ပါ

Samsung ရဲ့ Flagship ဖုန်းသစ်တွေဟာ တောင်ကိုရီးယားမှာ အော်ဒါမှာယူမှုစံချိန်သစ် တင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီလဆန်းပိုင်းက မိတ်ဆက်ကြေညာခဲ့တဲ့ Galaxy S22 စီးရီးဟာ Pre-Order လက်ခံကတည်းက ဒေသအတော်များများမှာ စံချိန်တင် အော်ဒါမှာယူမှုတွေ ရှိခဲ့တာပါ။ တောင်ကိုရီးယားတစ်နိုင်ငံတည်းမှာတင် Galaxy S22 စီးရီး Pre-Order မှာမှုဟာ အလုံးရေ ၁ သန်းကျော်ရှိခဲ့တယ်လို့ တောင်ကိုရီးယားသတင်းဌာန ZDNet က ဖော်ပြပါတယ်။ 

image

Photo: 9kpop


"ဖေဖော်ဝါရီ ၂၃ ရက်နေ့က Samsung Electronics ရဲ့ အဆိုအရ Galaxy S22 စီးရီးအော်ဒါမှာယူမှုက ပထမဆုံးရက်မှာတင် အလုံးရေ ၃ သိန်းကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါက Samsung Electronics ရဲ့ Galaxy စီးရီးတွေထဲမှာ ပြည်တွင်းအော်ဒါမှာယူမှု အမြင့်ဆုံးစံချိန်သစ်လည်း ဖြစ်ပါတယ်။ အရင် Record က ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲမှာ ဖြန့်ချိခဲ့တဲ့ Galaxy Z Fold 3 နဲ့ Z Flip 3 တို့ရဲ့ စံချိန် Pre-Order ၂၇၀၀၀၀ ပဲ ဖြစ်ပါတယ်။" လို့ ZDNet က ဖော်ပြပါတယ်။ 

Galaxy S22 စီးရီးဟာ ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၂၁ ရက်နေ့အတွင်း Pre-Order ၁.၀၂ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။ Galaxy S22 စီးရီးဟာ အရင် ၂၀၁၈ က ထွက်ခဲ့တဲ့ Galaxy S8 အော်ဒါမှာယူမှုထက်လည်း ပိုပြီး လူကြိုက်များခဲ့တယ်လို့ ဆိုပါတယ်။ Galaxy S8 ဟာ ၁၁ ရက် အော်ဒါမှာယူမှုကာလအတွင်း Pre-order ၁.၀၀၄ သန်း မှာယူမှုရှိခဲ့ပြီး Galaxy S22 စီးရီးကတော့ ၈ ရက်နဲ့တင် ဒီစံချိန်ကို လိုက်မှီခဲ့တာပါ။ 

အသစ်ထွက်လာတဲ့ Galaxy S22 စီးရီးထဲမှာ Galaxy S22 Ultra အော်ဒါမှာယူမှုဟာ စုစုပေါင်း Pre-Order ရဲ့ ၆၀% အထိ ရှိတယ်လို့လည်း ဆိုပါတယ်။ အရင်က Galaxy Note ကိုင်လာခဲ့တဲ့ Users တွေဟာ Galaxy S22 Ultra ကို ပြောင်းပြီး ကိုင်လာကြတယ်လို့လည်း ZDNetက ဆိုပါတယ်။ 

Share

Loading Next Article...
က္က