• ထရိန်နင်မှာ အန်းဒရစ်ခ်ကို ရှယ်ကျွေးနေတဲ့ ရီးရဲလ်နောက်ခံလူကြီး ရူဒီဂါ

ကောင်းကောင်းကြီးကို ထရိန်းပေးနေတာပါ။

ရီးရဲလ်မက်ဒရစ်နောက်ခံလူကြီး ရူဒီဂါက လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းရဲ့ ကြယ်ပွင့်သစ် အန်းဒရစ်ခ်ကို ခပ်ကြမ်းကြမ်းကစားပေးပြီး သန်မာလာအောင် လေ့ကျင့်ပေးနေကြောင်း သိရှိရပါတယ်။ ဒီဘရာဇီးဆယ်ကျော်သက်လေးဟာ လက်ရှိနွေမှာ ရီးရဲလ်ကို ရောက်ရှိလာခဲ့တာပါ။

image

အရင်ကတည်းက အန်းဒရစ်ခ်အတွက် ရီးရဲလ်တို့ အကြိုသဘောတူညီမှုရခဲ့တာဖြစ်ပြီး အခုနွေမှသာ အသင်းရဲ့ တရားဝင်ကစားသမားအဖြစ် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အန်းဒရစ်ခ်ဟာ ဒီရက်သတ္တပတ်အတွင်း ရီးရဲလ်ကစားသမားအဖြစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

image

အဲ့ဒီနောက် အခုချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေပြီး ဒီကောင်လေးကို ရူဒီဂါက မာမာထန်ထန် ကစားရင်း သင်ကြားပေးနေတာပါ။ ဒါ့အပြင် ရူဒီဂါက “ဘောလုံးလုရင် သန်သန်မာမာ လုစမ်းပါ” လို့ အော်ဟစ်ခဲ့သလို သူနဲ့ ဘောလုံးယှဉ်လုဖို့အတွက်လည်း မကြောက်ဖို့ သင်ပေးခဲ့ပါတယ်။

ဗီဒီယိုတွေအရလည်း ရူဒီဂါက အန်းဒရစ်ခ်ကို မာမာထန်ထန်နဲ့ ကစားပြနေပြီး ဟာလန်း၊ အမ်ဘာပေ၊ ကိန်းတို့လို တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ရူဒီဂါကြီးက အန်းဒရစ်ခ်ကိုလည်း သန်မာတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်လာအောင် အကောင်းဆုံးလေ့ကျင့်ပေးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က