• ရီးရဲလ်ကိုရောက်ပေမယ့် ပီအက်စ်ဂျီကို တရားပြန်စွဲဦးမယ့် အမ်ဘာပေတို့ သားအမိ

အပိုဆုကြေးတွေ ရရှိဖို့ ကျန်နေသေးတာပါ။

အမ်ဘာပေတို့သားအမိဟာ အသင်းဟောင်း ပီအက်စ်ဂျီကို တရားပြန်စွဲဖို့ ပြင်ဆင်နေကြောင်း ဖွင့်ဟလိုက်ပါတယ်။ အမ်ဘာပေဟာ ဒီရက်သတ္တပတ်အတွင်းမှာပဲ ရီးရဲလ်ကစားသမားအဖြစ် တရားဝင် မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

image

ဒါပေမယ့်လည်း အသင်းဟောင်း ပီအက်စ်ဂျီက အမ်ဘာပေကို အပိုဆုကြေး ယူရိုသန်း (၈၀) ပေးချေဖို့ ကျန်ရှိနေပါတယ်။ နှစ်လစာအဖြစ် ဒီအပိုဆုကြေးကို ပီအက်စ်ဂျီဘက်က အစောကတည်းက မပေးဖို့ ပြင်ဆင်နေနေခဲ့တာပါ။

image

အမ်ဘာပေဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်ကို ရောက်ရှိသွားခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီဘက်က ဒါကို မကျေမချမ်းဖြစ်နေပါတယ်။ အမ်ဘာပေရဲ့အမေ လာမာရီကတော့ “ကျွန်မတို့မှာ အခြားရွေးချယ်စရာမရှိရင်တော့ တရားရုံးအထိ ရောက်မှာပါ။ အခု လောလောဆယ်တော့ ပီအက်စ်ဂျီဘက်က လွန်ခဲ့တဲ့နှစ်နှစ်က ချုပ်ဆိုထားတဲ့ စာချုပ်ကို လေးစားဖို့ ကျွန်မ မျှော်လင့်ပါတယ်”

“အမ်ဘာပေ လုပ်ခဲ့၊ မလုပ်ခဲ့၊ ပြောခဲ့၊ မပြောခဲ့ကို ငြင်းတာတွေ ရပ်လိုက်ရအောင်။ လက်တွေ့မှာ ဘယ်သူကမှ ဘာဖြစ်ခဲ့တယ်ဆိုတာကို မပြောနိုင်ပါဘူး။ ပီအက်စ်ဂျီ ကိုယ်စားလှယ်တွေလည်း အတူတူပါပဲ။ ဘာလို့လဲဆိုတော့ အယ်လ်ခါလိုင်ဖီနဲ့ အမ်ဘာပေတို့က အမြဲတမ်း သီးသန့် တွေ့ဆုံကြတာပါ”

“အမ်ဘာပေအနေနဲ့လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေစပြီး ပီအက်စ်ဂျီအတွက် ဆက်တိုက်ကစားပေးခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က