ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ ပြန်လည်ခုခံဖို့ဆန္ဒပြင်းပြနေခဲ့ပေမယ့်လည်း မိသားစုက သူ့ကိုတားမြသ်ခဲ့တယ်လို့ မန်စီးတီးကစားသမားဇင်ချန်ကိုက ပြောဆိုလိုက်ပါတယ်။ ဒီကျူးကျော်စစ်ဆင်နွှဲခံရချိန်မှာဇင်ခန်ကိုက ပြတ်ပြတ်သားသားပြောဆို ဆန့်ကျင်ခဲ့ပြီး ပူတင်ကို အသေဆိုးနဲ့ သေပါစေလို့တောင်မှ လူမှုကွန်ယက်ကနေ ရေးသားပြောဆ်ုခဲ့တာလည်း ဖြစ်ပါတယ်။

ဂယ်ရီလိုင်နီကာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဇင်ချန်ကို သူ့ရဲ့သမီးကြောင့်သာ ယူကရိန်းပြန်ပြီး တိုက်ခိုက်ဖို့ကို လက်လျှော့ခဲ့တာလို့ ဖွင့်စခဲ့ပါတယ်။ သမီးသာမရှိခဲ့ဘူးဆိုရင် သူ ယူကရိန်းကို ရောက်ရှိနေကာ တိုက်ပွဲဝင်နေပြီဖြစ်တယ်လို့လည်း ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

"ကျနော်ငိုနေရုံပဲရှိပါတယ်၊ အခုဆ်ု တပတ်ရှိသွားပြီ၊ ကျနော် ရေတွက်မနေချင်တော့ဘူး၊ လေ့ကျင့်ရေးကွင်းကိုကားနဲ့သွားနေချိန်တွေမှာလည်း ငိုနေရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ဘူး၊ ကျနော့်ခေါင်းထဲမှာ ကိုယ်မွေးတဲ့မြေ၊ ကိုယ်ကြီးပြင်းလာရာအရပ်၊ လွတ်လပ်တဲ့တိုင်းပြည်ကိုပဲ အချိန်ပြည့်တွေးနေခဲ့မိတယ်"
"ရိုးရိုးသားသားပြောရရင် ကျနော့်သမီးလေးသာမရှိဘူးဆို၊ ကျနော့်မှာ မိသားစုမရှိဘူးဆိုရင် အဲဒီကို ကျနော်ရောက်နေပြီ၊ ယူကရိန်းသားတွေရဲ့ စိတ်ဓာတ်ကို ကျနော်သိတယ်၊ ဒီအတွက်လည်း ဂုဏ်ယူတယ်၊ ကျနော့်ဘဝတလျှောက်လုံးအမှတ်ရနေမှာပါ၊ သူတို့ရဲ့ဘဝအတွက် တ်ုက်ခိုက်နေတာတွေကို ကြည့်ကြဘ့်ပါ၊ ပြောစရာစကားလုံးတောင်မရှိပါဘူး၊ သူတို့က သေဖို့ရွေးချယ်ပြီးရင် သေဆုံးဖို့ကိုပဲ လုပ်ပါလိမ့်မယ်၊ ဒါပေမယ့် ဘယ်တော့မှအရှုံးပေးမှာမဟုတ်ဘူး" လို့ သူက BBC ကို ပြောဆိုသွားခဲ့ပါတယ်။