• ယူကရိန်းဘက်ကရပ်တည်ပေးတဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေကို တရုတ်မှာပြသခွင့်ပိတ်ဖို့ ပြင်ဆင်

ယူကရိန်းအပေါ်ထောက်ခံပေးနေတဲ့မြင်ကွင်းတွေကို တရုတ်တို့ မရှုဆိမ့်ဖြစ်နေပုံပါပဲ။

တရုတ်နိုင်ငံမှာ ပရီးမီးယားလိဂ်ပွဲစဥ်တွေ ပြသခွင့်ပိတ်ပင်ဖို့ ပြင်ဆင်နေပြီး ဒါဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုမှာ ယူကရိန်းဘက်က ပရီးမီးယားလိဂ်က အပြည့်အဝထောက်ခံတာကြောင့်လို့ သိရှိရပါတယ်။ ကုလသမဂ္ဂမှာလည်း ရုရှားရဲ့ကျုးကျော်စစ်အပေါ် ရှုတ်ချကြောင်း မဲခွဲတဲ့နေရာမှာ တရုတ်က ကြားနေအဖြစ်သာ ရပ်တည်ခဲ့ပါတယ်။

image

အခုချိန်မှာတော့ တရုတ်ရဲ့မျက်နှာဖုံးက သိသိသာသာ ကွာကျလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဥ်တွေကို နိုင်ငံအတွင်းမှာ ပြသခွင့်ပိတ်ပင်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေအားလုံးမှာ ကလပ်အသင်းတွေ၊ ပရိသတ်တွေနဲ့ ကစားသမားတွေက ယူကရိန်းနဲ့တသားတည်းရှိနေတယ်ဆိုတာကို ပြတ်ပြတ်သားသား ရပ်တည်ပြသခဲ့ပါတယ်။

image

ဒါ့အပြင် လာမယ့်အပတ်တွေမှာလည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ယူကရိန်းအရေးအတွက် ရည်ရွယ်အောင်ပွဲခံမှုတွေအပေါ် အဝါကတ်ပြပြီး အရေးယူတာမျိုးတွေ မလုပ်ဖို့ ဒိုင်လူကြီးတွေကို ညွှန်ကြားထားပါတယ်။ ကလပ်အသင်း (၂၀) လုံးရဲ့ အသင်းခေါင်းဆောင်တွေကလည်း ယူကရိန်းအလံအရောင်ပါဝင်တဲ့ အသင်းခေါင်းဆောင်လက်ပတ်တွေကို ဝတ်ဆင်ကစားပြီး ယူကရိန်းနဲ့ တသားတည်းရှိကြောင်း ထပ်မံပြသဖို့လည်းရှိနေပါတယ်။

ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေကလည်း ယူကရိန်းအလံအရောင်တွေကို ဖော်ပြနေမှာဖြစ်ပါတယ်။ “Football Stands Together” ဆိုတဲ့ စာသားကို ယူကရိန်းအလံအောက်ခံနဲ့ ကွင်းအတွင်း LED ဘုတ်ကြီးပေါ်မှာ ပြသထားတာက အာဏာရှင်နိုင်ငံရဲ့လုပ်ရပ်ကို ကုလသမဂ္ဂမှာတော့ မဲမပေးဘဲ တိတ်တခိုးလေး ထောက်ခံနေတဲ့ နောက်ထပ်အာဏာရှင်တရုတ်တို့အတွက်တော့ မခံချိမခံသာဖြစ်စရာပါ။

တရုတ်ဟာ ရုရှားကို ဗြိတိန်နဲ့အီးယူတို့က စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်တဲ့အပေါ်မှာ ရှုတ်ချခဲ့တဲ့အပြင် ရုရှားကို ရန်စခဲ့တဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပါသေးတယ်။

အရင်တုန်းကလည်း အိုဇေးလ်က တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသတွင်းရှိ ဝီဂါလူမျိုးစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ ဝီဂါလူမျိုးစုတွေဘက်က ရပ်တည်ပေးခဲ့သေးတာကြောင့် အာဆင်နယ်ပွဲစဥ်တွေကို တရုတ်နိုင်ငံအတွင်း ပြသခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က